🖤Absquatulate-4❤️

598 114 251
                                    

Unicode

🖤Theories of LOVE❤️

🖤Season-4❤️

🖤Absquatulate-4❤️

ပြိုပျက်ခြင်းကြားက တည်ရတဲ့ ကမ္ဘာဟာ တစ်သက်လုံးစာအတွက် မြဲမြံသွားမှာပါ ဖေဖေ

နာကျင်ခြင်းတွေနဲ့ အုတ်မြစ်ချ တည်ဆောက်ထားရတာမို့လို့လေ....

🖤❤️🖤❤️

အိပ်နေရာကနေ နိုးလာတော့ လောကကြီးက မှောင်မည်းလို့...
မျက်လုံးတွေ ဖွင့်ကြည့်ရင်ရော အင်း...ဖွင့်ကြည့်ရအောင် ဖွင့်လို့ရတဲ့ အနေအထားမှမဟုတ်သေးတာ။ ကျွန်တော့်မျက်လုံးကို အုပ်ထားတဲ့ ပတ်တီးဖြူဖြူတွေရှိနေသေးတယ်လေ။ပြီးတော့ ခုနေဖွင့်လို့ရရင်လည်း ဘာမှ မမြင်ရမှာက အသေအချာပါပဲ။

ဘာမှမမြင်ရတဲ့လောကမှာ နှလုံးသားက အမြဲ သတိတရနဲ့ မြင်နေရတာက ကျွန်တော့်ရဲ့ ကမ္ဘာလေးတွေပါ။ မျက်လုံးကပဲ မြင်နိုင်တာမဟုတ်ပါဘူး နှလုံးသားကလည်း မြင်နိုင်တာပဲမဟုတ်လား။ ကျွန်တော်ချစ်တဲ့ ပါးဖောင်းဖောင်းနဲ့ လူသား၃ယောက်ကို မှောင်နေတဲ့ ကမ္ဘာမှာ မြင်ရတယ်။ ဖောင်းထွက်နေတဲ့ ပါးဖြူဖြူလေးတွေက မီးလုံးလေးတွေလိုပဲ။

မမြင်မကန်းပုံဖော်ရတာ ရယ်ချင်စရာကောင်းနေပေမဲ့ ကျွန်တော်ကတော့ ချစ်တယ်။ တွေးနေရင်းနဲ့ကို အရမ်းသတိရလာပြီဗျာ။ သားနဲ့သမီးဆီ Mike ကို ဖုန်းခေါ်
ခိုင်းဦးမှပဲ။

🖤 Mike ရေ....

"ဗျာ အကိုလေး"

ပြန်ဖြေတဲ့အသံကလည်း တုန်တုန်ယင်ယင်နဲ့ ဒီကောင် ဘာမဟုတ်တာတွေ ငြိမ်ပြီး လုပ်နေလည်း မသိဘူး။

🖤 မင်း အသံကြီးက ဘာဖြစ်နေတာလဲ

"ဘာ ... ဘာမှမဖြစ်ပါဘူး အကိုလေးရဲ့ ဘာခိုင်းမလို့လဲ ပြောလေ"

🖤 ဖေဖေ့ဆီ ဖုန်းခေါ်ပေးစမ်းကွာ သားနဲ့သမီးကို အရမ်းသတိရလာလို့ အသံလေးတွေကြားချင်လို့

"ဟိုလေ အကိုလေး ဒီအချိန်က ကလေးတွေ အိပ်နေကြမလားမသိဘူး ညကျမှ ဆက်ပါလားဟင်"

🖤 ငါအိပ်တုံးကပဲ  ၁နာရီဆို အခု ငါအိပ်လိုက်တာ တော်တော်ကြာသွားတာပဲဟာ သူတို့မအိပ်လောက်တော့ပါဘူး နေ့ခင်းဘက်သူတို့အကြာကြီး မအိပ်ဘူး ခေါ်ပါကွ

🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2Onde histórias criam vida. Descubra agora