🖤Verdant Note-12❤️

667 95 188
                                    

Unicode

🖤Theories of LOVE❤️

🖤Season-4❤️

🖤Verdant Note-12❤️

💚📝 မင်းပျော်မယ်ဆို ငေးရုံနဲ့လည်းရောင့်ရဲပါ့မယ် ထွက်သွားခွင့်မပြုနိုင်တာကလွဲလို့ပေါ့💚📝

🖤❤️🖤❤️

ပြတင်းကမြင်နေရတဲ့ သစ်ပင်ရဲ့ထိပ်ဖျားပိုင်းက နေရောင်ခြည်တို့ရဲ့ ပွေ့ဖက်မှုနဲ့ စိမ်းဝါလွင်လို့...

💛 ပါပါး အိမ်ပြန်မယ် ရာ

🕊️ ဖိုးနွန်က ပြောရိုက်တယ် အိမ်ပြန်ရို့ ရဘီတဲ့

အိမ်ပြန်ဖို့ ခုန်ပေါက်ပြီး လာပြောတဲ့ ကလေးတွေနောက်မှာ သူပါလာပေမဲ့ အသံတောင်မထွက်။ အားနာနေတာလား အပြစ်ရှိစိတ်နဲ့ ငြိမ်နေတာလားတော့မသိ။ ဘယ်လိုအခြေအနေတွေပဲ ဖြစ်နေပါစေ ကျွန်တော့်ဘဝရဲ့ အမှန်တရားက ဒီမိသားစုနဲ့ ဝေးကွာမနေနိုင်ခြင်းပဲလေ။

❤️ အင်း ပြန်ကြမယ် နော်

အဖျားကျပေမဲ့ အသားတွေနာကျင်ပြီး လူကနုံးတော့နုံးနေသေးသည်။ စိတ်ကြောင့်ခုလို နွမ်းလျနေသေးတာနေမှာပါ။ စကားတွေလည်း အများကြီးမပြောချင်ပဲ တစ်ယောက်တည်းအိပ်နေချင်စိတ်ပဲရှိပြီး ကျန်တာဘာမှမလိုချင် လုပ်လဲမလုပ်ချင်။

မနက်နိုးတည်းက ဆေးသွင်းထားတာတွေ အကုန်ဖြုတ်ပြီး ဆေးရုံကနေ ဆင်းခွင့်ပြုဖို့ထိုင်စောင့်နေခဲ့တာပါ။ အခု ရပြီဆိုတော့ အိမ်ပြန်ရုံပဲပေါ့။

🖤 လမ်းမလျှောက်နဲ့နော် baby ကိုကို ပွေ့ချီသွားမယ်

❤️ အင်း

သူပွေ့ချီတော့ အသာလေးသူ့လည်ပင်းဖက်ငြိမ်ပြီး လိုက်သွားရုံပဲပေါ့။ မုန်းတယ်ပြောလည်း စကားလုံးသက်သက်ပဲ ဖြစ်နေပြီး အသက်မှမပါတာ။ ပင်ပန်းနေလည်း ဒီလူကို ကျွန်တော်က သိပ်ချစ်တာကိုး။ ကားပေါ်ရောက်တော့ သားနဲ့သမီးက ရင်ခွင်ထဲအတင်းလာတိုးအိပ်နေလို့ မဖယ်ရက်မရှားရက်။ သူတို့ခမျာ ညက သူတို့အဖေနဲ့ ကုတင်အောက်မှာ ကျွန်တော့်ကို စောင့်အိပ်ရရှာတာလေ။

🖤 ဒီဒီ့ဆီ လာအိပ်ပါလား သားနဲ့သမီးရယ် ပါပါးနာနေမှာပေါ့

🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2Nơi câu chuyện tồn tại. Hãy khám phá bây giờ