Unicode
🖤 Theories of LOVE❤️
🖤Season-4❤️
🖤 Tabula Rasa-14❤️
တိတ်ဆိတ်စွာ ငြိမ်သက်နေသော ညနေခင်းလေး.....
ဟင့်အင်း.....မဟုတ်ဘူး....သားးးးးးး
ထိတ်လန့်နေတဲ့ အသံနဲ့ ရင်ခွင်ထဲကနေ လွတ်ထွက်သွားတဲ့ မြတ်နိုးရာလေးကြောင့် ကျွန်တော်လည်း လန့်ဖျပ်ပြီး ထထိုင်လိုက်မိသည်။
မျက်နှာတစ်ခုလုံး ချွေးသီးချွေးပေါက်တွေနဲ့ ရင်အစုံက နိမ့်တုံမြင့်တုံနဲ့ ထိတ်လန့်နေတဲ့ပုံရိပ်လေးက သနားစဖွယ်အတိ။
🖤baby ဘာဖြစ်တာလဲ အိပ်မက်ဆိုးတွေမက်တာလား
❤️အင်း.....အရင်က သားကြီး ထိခိုက်မိတာတွေကို အိပ်မက်မက်နေတာ
🖤ဘာမှမဖြစ်ဘူး ကိုကိုရှိတယ်နော် ခဏလေးစောင့် ရေယူပေးမယ်
ရေတစ်ခွက်တိုက်လို့ အငမ်းမရမော့သောက်ပြီးသည်အထိ သူ့မှာထိတ်လန့်နေတုံးမို့ အသာပွေ့လို့ကျောလေးပွတ်ပြီးနှစ်သိမ့်ရသည်။
နေ့ခင်းကရတဲ့ထိတ်လန့်ခြင်းက အိပ်စက်ခြင်းကိုတောင်အနှောင့်အယှက်ပေးနေသည်အထိ သူခံစားနေရတာဆိုတော့ သနားမိသည်။ ဘာမှမဖြစ်သလို နေနေပေမဲ့ အတိတ်ကအရိပ်တချို့က သူ့မသိစိတ်ထဲခိုကပ်နေသေးတော့ သူပင်ပန်းရတာပေါ့။
🖤အိပ်မက်သက်သက်ပဲမို့ ဘာမှမတွေးနဲ့တော့ နော်
ညနေတောင်စောင်းနေပြီ❤️အင်း ဘာမှမဖြစ်တော့ပါဘူး သားနဲ့သမီး မုန့်သွားစားတာ ပြန်မလာကြသေးဘူးလား ခုထိ
🖤အင်း ကိုကိုလည်း အိပ်ချင်လို့ အိပ်လိုက်မိတာ သူတို့ဆော့နေကြတုံးထင်တယ်
❤️ကိုကိုရောနေကောင်းလား နေရတာ သက်သာလား
မအိပ်ခင်ကနဲ့ ကွဲပြားခြားနားစွာ စိတ်မကောက်တော့တဲ့ သူပုန်လေးကိုမြင်ရတော့လည်း ချစ်ရတာပါပဲ။
🖤ကောင်းပါတယ်ဗျာ ဘာမှမပူနဲ့ အခု အောက်ဆင်းပြီး ဝက်လိုက်ဖမ်းရအောင်
နှစ်ယောက်သား အောက်ဆင်းလာတော့ ခရစ်စမတ်သစ်ပင်ကို စိတ်ကြိုက်ပြင်လို့မပြီးနိုင်တဲ့ P'Chenတို့ သုံးယောက်သားက မေးငေါ့ပြကြသည်။သူတို့ပြရာကြည့်တော့ မျက်လုံးတွေပါ ပြူးရပါပြီ။
KAMU SEDANG MEMBACA
🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2
Fiksi PenggemarFinal Chapters 1 က အပိုင်းရေ limitပြည့်သွားလို့ ထပ်ခွဲထားတာပါ။ A Million Dreams ရဲ့အပိုင်းဆက်တွေကို ဒီမှာဆက်တင်ပေးသွားမှာပါ 🖤❤️