🖤Verdant Note-19❤️

636 96 162
                                    

Unicode

🖤Theories of LOVE❤️

🖤Season-4❤️

🖤Verdant Note-19❤️

💚📝 နားထောင်လက်ခံပေးတတ်ခြင်းဟာ လောကကြီးရဲ့ အလှဆုံး အနုပညာပါ

🖤❤️🖤❤️

အပြင်လောကကနေ အခန်းထဲဖြာကျနေတဲ့ နေရောင်ခြည်တွေလည်း မှောင်ရိပ်ခိုသွားခဲ့ပြီ။

အခန်းတံခါး Lock ချပြီးတာနဲ့ baby ကုတင်ပေါ်မှာ ထမင်းစားပြီးကာစ စကားထိုင်များနေကြတဲ့ သားအဖတွေကိုလှမ်းငေးရင်း မှန်ချပ်ကိုကာထားတဲ့ ကန့်လန့်ကာစကို ဆွဲလိုက်သည်။

🖤 သုံးယောက်လုံးကို ပြစရာရှိတယ်

ဘာမှမမြင်ရတဲ့ မှန်ရဲ့အခြားဘက်က အမှောင်ထုကို သားအဖ၃ယောက်ကြည့်နေတုံး အခန်း
ထောင့်က မီးခလုတ်တစ်ခုကိုနှိပ်လိုက်တော့ အပြင်ကသစ်ပင်မှာဆင်ထားတဲ့ မီးလုံးတွေက လင်းလက်လာသည်။

💛 ဟာ မီးရာဘီ

🕊️ လှရိုက်တာ

သားနဲ့သမီးက သူတို့သဘောကျကြောင်း အသံပေါင်းစုံနဲ့ ဖော်ပြကြ​ပေမဲ့ baby ကတော့ တိတ်ဆိတ်စွာနဲ့ပဲ ပြုံးပြသည်။ သူ့ဘေးနားဝင်ထိုင်တော့ ကျွန်တော့်ရင်ခွင်ထဲ ခေါင်းမှီလို့ မီးရောင်စုံ မှိတ်တုတ် မှိတ်တုတ်နဲ့ သစ်ပင်ကြီးကို ငေးကြည့်နေတော့သည်။

🖤 baby နေလို့ကောင်းတယ်မှတ်လား

❤️ အင်း ကောင်းတယ် ကိုကို

🖤 တစ်ခုခုဆိုတာနဲ့ ကိုကို့ကို ချက်ချင်းပြောနော်

💛 ဒီဒီ တစ်ပင်ကို မီးတီးတေ ဘာရို့တပ်ထားတာရဲ

🕊️ တူက လှချင်ရယ် ပြောရို့ရား

🖤 အေးလေ  ကြိုက်တယ်မှတ်လား သားနဲ့သမီးက

🕊️ ကြိုက်တယ်

💛 ဖိုးရီးကဘာရို့ ပြန်ရာတေးတာရဲဟင် ပါပါးနေကောင်းဘူးဆိုတာ တိဘူးရား

ရုတ်တရက်ထပြောတော့ baby မျက်နှာလေး ညှိုးသွားတာကို သေချာတွေ့လိုက်ရပါသည်။ တချို့သောမေးခွန်းတွေကို ဘာခံစားချက်အနှောင်အဖွဲ့မှမပါဘဲဖြေဖို့က ဒီတစ်သက်ဖြစ်လာနိုင်ပါဦးမလား။

🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2Donde viven las historias. Descúbrelo ahora