Unicode
🎉Happy Saint's Day🎉
Part-2
ချစ်ရသူတွေမပါတဲ့ခရီးကို တစ်ကိုယ်တည်းထွက်ရမဲ့ မနက်ခင်းက ထူးထူးခြားခြားလှနေတယ်လို့ ခံစားရသည်။
မီးပုံးပျံကြီး ကောင်းကင်ကို ပျံတက်ဖို့ တာဝန်ရှိသူတွေပြင်ဆင်နေကြတာကို အခန်းပြတင်းကနေလှမ်းကြည့်ရင်း ရင်ခုန်သလို စိတ်လှုပ်ရှားသလိုနဲ့မို့ အသက်ကိုဝဝရှူသွင်းပြီး ရင်ထဲကတုန်လှုပ်မှုအချို့ကို ချေဖျက်ရသည်။
ကိုယ်ကသာ တုန်လှုပ်နေတာ ကိုကိုကတော့ မနက်ဝေလီဝေလင်းမှရောက်လာတဲ့ P'Nickတို့နဲ့အဖွဲ့ကျနေသလို သားနဲ့သမီးကလည်း သူတို့ကိုကိုLoneနားကနေ မခွာတော့ပါဘူး။ ဘာဖြစ်ဖြစ်ပါလေ ဒီမကြင်နာတတ်တဲ့လူနဲ့ဝေးရာကို ဒီတစ်ရက်တော့ ပျံသန်းသွားရမှာပဲ။
❤️ပျံပစ်မယ် ခင်ဗျားနား နေကိုမနေဘူး
🖤အချိန်တန်ရင်တော့ ပြန်လာရမယ်လေကွာ
နောက်ကျောကနေပွေ့ဖက်ခံရခြင်းနဲ့အတူ သူ့စကားသံကြားတော့ ရုတ်တရက်မို့လန့်သွားရသည်။
❤️ပြန်မလာဘူး ပျံပစ်မယ် ဟိုးးအဝေးကြီးထိ
🖤မလိမ်တတ်ဘဲလိမ်မနေနဲ့ ကိုကိုပေးတဲ့လက်ဆောင်ကို ကောင်းကောင်းယူပြီး ပြန်လာခဲ့
❤️ဘာလဲ တိမ်တွေကို အင်္ကျီနဲ့ထုပ်သယ်လာရမှာလား
🖤ခံစားချက်တွေလေ ခံစားချက်တွေပွေ့ပိုက်ပြီး ပြန်လာခဲ့ ကိုကိုလိုချင်တာ ခံစားချက်တွေပြည့်သိပ်နေမဲ့ babyရဲ့ ရင်ခုန်သံနဲ့ စကားလုံးတွေပဲ
❤️ဘက်ပဲ့နေတဲ့လူက ဘာတွေခံစားလို့ရမှာလဲဗျာ ကျွန်တော်တစ်ယောက်တည်းကို
မကျေမနပ်လေသံနဲ့ပြောမိတော့ ပခုံးပေါ်ကသူ့အတွက်လက်ဆောင်တက်တူးလေးကို ဖွဖွနမ်းလို့ ချော့မြူနေပြန်ပြီ။
🖤babyနှလုံးသားထဲမှာ ကိုကိုကအမြဲရှိနေမှာပဲလေ babyတစ်ယောက်တည်းမဟုတ်ပါဘူးကွ ဟိုးမိုးပေါ်ရောက်လို့ သတိရတာနဲ့ ဝဲဘက်ရင်အုံကို သာသာလေးပုတ်ပြီး ကိုကိုရေလို့ ခေါ်လိုက် ရောက်လာမှာ
VOCÊ ESTÁ LENDO
🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2
FanficFinal Chapters 1 က အပိုင်းရေ limitပြည့်သွားလို့ ထပ်ခွဲထားတာပါ။ A Million Dreams ရဲ့အပိုင်းဆက်တွေကို ဒီမှာဆက်တင်ပေးသွားမှာပါ 🖤❤️