🖤A Million Dreams-38❤️

760 93 236
                                    

Unicode

🖤Theories of LOVE❤️

🖤Season-4❤️

🖤A Million Dreams-38❤️

အိပ်မပျော်တာ ရှုံးနိမ့်ခြင်းတွေ အစပြုခဲ့တဲ့ညကနေ ဒီညနဲ့ပါဆို တစ်ပတ်ရှိပြီ။

သန်းခေါင်ယံညချမ်း လေတိုးသံနဲ့ ပိုးမွှားအော်သံကလွဲလို့ အခြားမရှိချိန်မှာ ကျွန်တော့်ကမ္ဘာကတော့ ပဟေဠိတွေနဲ့ ပွတ်တိုက်စားပြီး ဆူညံနေပြီ။ အပွဲပွဲနွှဲလာခဲ့သမျှ ဒီတစ်ခါ ခံလိုက်ရတာကတော့ မာနကို ဖိနပ်နဲ့ပွတ်ခံရသလိုပဲ မချိတင်ကဲဖြစ်ရသည်။

လုံးဝ ဒီကောင်ပါလို့ ကောက်ချက်ချပြီးမှ ကစားခံလိုက်ရတာကြီးက ရှက်စရာကောင်းလွန်းသည်။ ရန်သူကိုလျှော့တွက်လိုက်မိပြီး ကိုယ့်ဘာသာယုံကြည်မှုပြင်းထန်တဲ့ ရလဒ်ပေါ့လေ။ လှည့်ကွက်ကြားထဲဝေဝါးပြီး လမ်းစပြန်ရှာတွေ့ဖို့ ကျွန်တော်ဘာကိုထုတ်သုံးရမလဲ။ သူ့ကို ကျွန်တော့်ဆီရောက်လာအောင် ဘယ်လိုဆွဲခေါ်ရမလဲ။

ရင်ခွင်ထဲမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ babyကိုကြည့်ပြီး သက်ပြင်းတွေမသိမသာခိုးချရသည်။ ယုံကြည်ပေးပါလို့ ကတိတောင်းထားပေ
မယ့် သူနာကျင်ရမှာတွေချည်းဖြစ်လာမယ်ဆိုတာကို သိနေတော့ ကျွန်တော်လဲရင်နာတယ်လေ။ ဒီလို ကိုယ်တွေထက် ဦးနှောက်ကောင်း ဉာဏ်ပြေးတဲ့ ရန်သူကို ရိုးရိုးသာမန်ရင်ဆိုင်နေရင် ကိုယ့်ရာဇဝင်ကသူ့လက်ထဲပါသွားမှာပေါ့။

အခု သူကျွန်တော့်ကိုဦးတည်တယ်ဆိုတာသေချာရင် ရန်သူမထင်ထားတဲ့အကွက်နဲ့ ကျွန်တော်က
ချဥ်းကပ်သင့်ကပ်ရမှာပဲ။ စိတ်ချင်းပြိုင်တဲ့ပွဲဗျာ ညံ့ရင်ဝါးမျိုခံရမှာပဲ။ baby ကလွဲလို့ ရှုံးစရာမရှိတဲ့ဘဝမှာ ကျွန်တော်ဘယ်တော့မှ ဘယ်သူ့ကိုမှအလွယ်တကူဒူးထောက်မှာမဟုတ်ပါဘူး။ အဲ့လိုတွေကြိုတွေးထားမိလို့ သူ့ဆီကယုံကြည်မှုကို ပြတ်ပြတ်သားသားကြိုတင်တောင်းခံထားရတာပါ။ ကျွန်တော်ဘာတွေပဲလုပ်နေနေ ယုံကြည်မှုကလွဲ အခြားမရှိဆိုတဲ့ ရပ်တည်မှုမျိုးနဲ့ သူကျွန်တော့်ကို ယုံကြည်နေစေချင်တယ်။

ရင်ခွင်ထဲ ပါးအပ်ပြီး သူ့လက်ချောင်းလေးတွေက ရင်ဘတ်ကအင်္ကျီစကို ယောင်ယမ်းကုပ်ဆွဲလာတော့ တယုတယဆွဲယူပြီး နှုတ်ခမ်းနဲ့ကပ်ထားလိုက်သည်။ ဒီလက်တွေနဲ့ ကိုယ့်ကို အားဖြစ်စေပါ baby ။ ဒီလက်တွေနဲ့ ကိုယ်တို့ဘဝထဲဝင်လာသမျှ မုန်တိုင်းတွေကို တူတူဖယ်ရှားကြရအောင် baby။

🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2Donde viven las historias. Descúbrelo ahora