Unicode
🖤Theories of LOVE❤️
🖤Season-4❤️
🖤Verdant Note-10❤️
💚📝 အချစ်တို့နဲ့ အတိပြီးသော နာကျင်ခြင်းများသာ ဖြစ်ခွင့်ရပါစေ 💚📝
🖤❤️🖤❤️
ဝင်တော့မဲ့ နေလုံးကြီးကို ဝရန်တာကနေရပ်ကြည့်ရင်း သူပြန်လာမဲ့အချိန်ကို စိတ်ရှည်လက်ရှည်စောင့်သည်။ သူပြောလာမဲ့အချိန်ကို စိတ်ရှည်လက်ရှည် ထပ်စောင့်မည်။ ဆုံးဖြတ်ချက်ချထားတာက ဒီလိုပေါ့။
သူစိတ်ဆိုးနေသေးရင်လည်း ကျွန်တော်ချော့မှာပါ။ ချော့မယ်သာပြောနေတာ ဦးစိတ်တိုကြီးက တည်လွန်းနေရင်လည်း ဘယ်လိုပုံနဲ့ အနားကပ်ရမလဲမသိ။
💛🕊️ ဒီဒီ........
မောင်နှမနှစ်ယောက်ရဲ့ သံပြိုင်အော်သံကြောင့် အောက်ကိုကြည့်လိုက်တော့ ကိုကို့ကားကခြံထဲဝင်လာနေပြီ။ အောက်ပြေးကြိုရမှာလား အခန်းထဲကပဲစောင့်နေရမှာလားနဲ့ ရင်တွေတောင်တုန်လို့။ ဘယ်လိုလုပ်ပြီးတော့များ အပျိုပေါက်စကောင်မလေးတစ်ယောက် သူ့ရည်းစားနဲ့ခုမှစတွေ့ရမဲ့ ပုံမျိုးဖြစ်နေရတာလဲ ငါ့နှယ်။
ကိုယ့်ဟာကိုယ် ရယ်ချင်လာတော့ အသာပဲငြိမ်ပြီးရပ်နေလိုက်တော့သည်။ ကလေးတွေရဲ့ ရယ်မောသံစူးစူးလေးတွေက အောက်ကနေ အပေါ်ထိတက်လာတော့ အခြေအနေကောင်းတယ်လို့ပဲ ယူဆလိုက်ပါတယ်။ သူ့စိတ်ပြေသွားလောက်ပြီနေမှာပါ။
ခဏကြာတော့ အခန်းတံခါးဖွင့်သံရယ် ခြေသံခပ်ကျဲကျဲတစ်ချို့ရယ်ကြားရသည်။ ကျွန်တော် ခုချိန်နောက်လှည့်ကြည့်လိုက်လို့ ရပြီလား။ သူ့နား ကပ်သွားသင့်ပြီလား။ မထူးပါဘူး လက်ကဒဏ်ရာတော့ သွားကြည့်ရမှာပဲဆိုပြီး နောက်အ
လှည့် သူ့ရင်ခွင်ထဲ သိမ်းကြုံးပွေ့ဖက်ခြင်းခံလိုက်ရတော့ ရင်ခုန်သံတောင် မငြိမ်တော့။အားရှိသမျှ တင်းကြပ်စွာ ဖက်ထားခြင်းခံရလို့ ကျွန်တော့်တစ်ကိုယ်လုံး သူ့ရင်ခွင်ထဲမြုပ်နေတာ အသက်ရှူတောင်ကြပ်လာပြီ။ တိတ်တဆိတ်နဲ့ ကျွန်တော့်အရာအားလုံး သူ့လက်ထဲ ဝါးမျိုခံနေရသလိုမျိုး ခံစားရပြီး ဒီအခြေအနေက ကြည်နူးရမှာလား ကြောက်ရမှာလားတောင် မသိတော့။
YOU ARE READING
🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2
FanfictionFinal Chapters 1 က အပိုင်းရေ limitပြည့်သွားလို့ ထပ်ခွဲထားတာပါ။ A Million Dreams ရဲ့အပိုင်းဆက်တွေကို ဒီမှာဆက်တင်ပေးသွားမှာပါ 🖤❤️