Unicode
🎉Happy Saint's Day🎉
Part-1
ဘန်ကောက်ရဲ့ ညတစ်ည လမ်းမပေါ် တရိပ်ရိပ်ပြေးနေတဲ့ ကားပေါ်မှာ ငြိမ်သက်ခြင်းနဲ့ ဆူညံခြင်းတို့ တပြိုင်တည်း ဖြစ်ထွန်းနေလေသည်။အကြောင်းအရာကတော့ စိတ်ဆိုးနေသော ကျွန်တော်နဲ့ ဆိုးသွမ်းနေသော သူပုန်ကောင်ကြောင့်ပေါ့ဗျာ။
❤️ဟီး ဟီး ဟီး အာဘွား
အနားလည်း မကပ်ရဲဘဲ တံခါးနားကပ်ထိုင်နေပြီးချော့မော့တဲ့အနေနဲ့ fly kissတွေ ပလူပျံအောင်ပေးနေတဲ့ ဝက်နှုတ်ခမ်းကို ဆွဲကိုက်ပစ်လိုက်ချင်သည်။ မကြည်ကြည့်နဲ့ ကိုယ်ကကြည့်လိုက် သူကနှုတ်ခမ်းထော်ပြလိုက်နဲ့ ရှေ့က ကားမောင်းနေတဲ့ Mikeရဲ့ ကြိတ်ရယ်သံကတမျိုး။
🖤ပေးလိုက်တဲ့ လွတ်လပ်ခွင့်ကို အလွဲသုံးစားလုပ်တဲ့ကောင်လေး မင်းငါ့ကို အာဘွားတွေ တစ်ဒါဇင်လောက်ပေးလည်း အပြစ်ကပေးခံရမှာပဲ
❤️ကိုကိုကလည်း babyကို ချစ်ရဲ့သားနဲ့ တစ်ခါလေးပဲ ကျော်သွားလိုက်လေ နော် ဟီးဟီး အု....
🖤ကားပေါ်အန်ချရင် မင်းအပြစ်က ပိုတိုးသွားမယ်နော် ကိုယ့်အမှားနဲ့ကိုယ် အောင့်ထား
❤️မအန်ပါဘူး ကိုကိုရဲ့ babyက ပိစိလေးသောက်တာ မအန်ဘူး စိတ်ချ အဲ့ဒါဟိုကောင်တွေ အတင်းတိုက်လို့ ဟီးဟီး
သူ့မွေးနေ့နားနီးလိူ့ သူငယ်ချင်းတွေနဲ့ ပြန်ဆုံရအောင် စီစဉ်ပေးလိုက်မိတဲ့ ကိုယ့်အမှားပဲထားပါတော့ဗျာ။ အိမ်ကနေလိုက်မပို့ခင်တည်းက ဝိုင်တစ်ခွက်ကလွဲ ဘာမှမသောက်ပါဘူးဆိုတဲ့ ကတိကို သေချာတောင်းပြီးမှ လိုက်ပို့တာကို ခုသွားကြိုတော့ မူးနေပြီ။
အရင်နဲ့မတူတဲ့ ဖြေလျှော့ခြင်းတွေနဲ့ သူ့အလိုလိုက် သူ့အပြုံးတွေဝေနေအောင် အကုန်လုပ်ပေးပေမဲ့ သူ့ကျန်းမာရေးနဲ့ပတ်သက်ရင်တော့ ကျွန်တော့်အတ္တကမဖြူနိုင်ဘူးလေ။ ဒေါသလည်းထွက် စိတ်လည်းဆိုးပါတယ်။ မနက်ဖြန်ဆိုရင်ပဲ ချင်းမိုင်ကိုသူ့မွေးနေ့အတွက်သွားဖို့ အကုန်ပြင်ဆင်ထားပြီးသလို ပေးမဲ့မွေးနေ့လက်ဆောင်အတွက်လည်း ကျွန်တော်လူရောစိတ်ပါအနားမနေရဘူးလေ။
YOU ARE READING
🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2
FanfictionFinal Chapters 1 က အပိုင်းရေ limitပြည့်သွားလို့ ထပ်ခွဲထားတာပါ။ A Million Dreams ရဲ့အပိုင်းဆက်တွေကို ဒီမှာဆက်တင်ပေးသွားမှာပါ 🖤❤️