🖤Verdant Note-15❤️

594 96 122
                                    

Unicode

🖤Theories of LOVE❤️

🖤Season-4❤️

🖤Verdant Note-15❤️

💚📝 အတ္တကျောက်ဆောင်ကို အပြုံးဒီရေဖြင့်သာ တိုက်စားနိုင်သည်

🖤❤️🖤❤️

မီးဖိုပေါ်က ပွက်ပွက်ဆူနေတဲ့ ဟင်းအိုးကိုကြည့်ရင်း အတွေးတွေလည်း ပလုံစီလို့...

ဘောင်းဘီအိတ်ထဲက ဖုန်းကို စမ်းလိုက် လက်ပြန်ရုပ်လိုက်နဲ့ ကမ္ဘာလောကဟာ ချီတုံချတုံ ဖြစ်တည်နေရတဲ့ အခိုက်အတန့်ပေါ့။

တန်ဖိုးကြီးမားတဲ့ လက်ဆောင်ကို အထိအခိုက်မရှိ တယုတယသိမ်းမထားနိုင်လို့ သားမှာ အပြစ်ရှိပါတယ် ဖေဖေ။ လက်ဆောင်ဆိုတာ တန်ဖိုးထားတတ်သူအတွက် အဖိုးထိုက်တန်ဆုံး ရတနာလေ။

ဖေဖေပေးခဲ့တဲ့ ကိုကိုဆိုတဲ့လူသားဟာ ကျွန်တော့်ဘဝရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်ပါ။ အခုတော့ ဒီလူသားကို တစ်ယောက်တည်း နာကျင်စေရမဲ့လမ်းကို ရင်နာနာနဲ့ပဲ တွန်းပို့နေရပြီ ကျွန်တော့်လက်တွေနဲ့လေ။

ချော့ခြင်းတစ်မျိုး ခြောက်ခြင်းတစ်ဖုံနဲ့ သူ့ရဲ့အတ္တတွေကို သတ်ရတာ ကျွန်တော်လည်း သိပ်ပင်ပန်းလွန်းနေပါပြီ။ ဘာမှမတတ်နိုင်ပဲ ဒီအတ္တဒဏ်မခံနိုင်ခဲ့လို့ ကျွန်တော့်မှာ တာဝန်မရှိဘူး အပြစ်ကင်းပါတယ်လို့ မခံစားမိပါဘူးဗျာ။

ချီတုံချတုံနဲ့ P'Liam ကို အကျိုးအကြောင်း မေးဖို့ရာကို အားတော်တော်ယူနေရတာက အချိန်တောင်နည်းနည်းကြာသွားခဲ့ပြီ။ မနေနိုင်တဲ့အဆုံးတော့ ဖုန်းကိုဆွဲထုတ်လိုက်ပြီး P'ဆီ ဖုန်းခေါ်လိုက်သည်။ ခုလောက်ဆို သူတို့စကားပြောပြီးလောက်ကြပြီထင်ပါတယ်။

ဖုန်းဝင်သွားတော့ ကိုယ့်ဘက်က စပြောလိုက်တဲ့ အသံဟာ သိသိသာသာ တုန်နေသလိုပဲ။

❤️ ဟယ်လို P'...

💚 အေး ပြော

❤️ P'တို့ စကားပြောလို့ ပြီးသွားပြီလားအခြေအနေကောင်းလားဟင်

💚 ငါ ပြောသင့်ပြောထိုက်တာတော့ ပြောခဲ့တာပဲ အခြေအနေကောင်းလားဆိုတာကတော့ သူပြန်လာတဲ့အခါ တစ်ခုခု ပါမပါကြည့်ပေါ့

🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2Where stories live. Discover now