Unicode
🖤 Theories of LOVE❤️
🖤Season-4❤️
🖤 Tabula Rasa-32❤️
မနက်အိပ်ရာနိုးတည်းက ကျောပိုးအိတ်တွေလွယ်လို့ သွားဖို့အဆင်သင့်ဖြစ်နေတဲ့ ကလေးတွေကို P'Chenလက်ထဲသာ ထည့်ထားရသည်။
အကြောင်းအရင်းကတော့ baby ဆိုသော ကတုံးလေးနည်းနည်းနေမကောင်းဖြစ်နေလို့ပါ။ ဖျားတာနာတာမဟုတ်ဘဲ မနေ့ကဈေးဝယ်သွားထားပြီးပင်ပန်းတာကို ကျွန်တော်ကလည်းမေ့ သူကလည်းဆေးသောက်အိပ်ဖို့မေ့တယ်တဲ့။
သူ့စိတ်တိုတာတမျိုး ကိုယ့်ဟာကိုယ်ဂရုမစိုက်မိလို့ဒေါသထွက်ရတာတမျိုးနဲ့ ဆူနေမိတာပါ။ကိုယ်ကသာ မျက်နှာဆိုးကြီးနဲ့ ဆူနေပြောနေတာ သူကတော့ သူ့ပြောနေတာမဟုတ်တဲ့အတိုင်းမျက်နှာကိုဖြီးလို့။
🖤မဆိုးစမ်းနဲ့ baby ရာ ကိုကိုမသွားဘဲနေလိုက်တော့မယ်
❤️အဲ့လိုမလုပ်နဲ့လေဗျာ ကလေးတွေကသွားဖို့ အဆင်သင့်ဖြစ်နေပြီလေ
🖤အဲ့ဒါဆို POC စက်ကလေးသယ်ခဲ့ အခုတောင် အသက်ရှူမဝဘူးမှတ်လား
❤️ဟင် အဲ့ပိုက်နှာခေါင်းထဲမထည့်ချင်
🖤မထည့်ချင်ရင် မသွားဘူး
❤️အင်းပါဗျာ ပြီးရော
အိပ်ရာနိုးတည်းက အသက်ရှူမဝလို့မောနေတာကို ဒင်းကခေါင်းမာနေတာမို့သာ ခုလိုဆူနေပြောနေရတာပါ။ မသွားဘူးဆိုပြီးအကြပ်ကိုင်မှသာအခန်းထဲဝင်သွားတာ လုံးလုံးလုံးလုံးနဲ့။ သူ့အခန်းထဲကပြန်ထွက်လာတော့ သူ့POCစက်ကလေးလွယ်လို့ နှာခေါင်းမှာ ပိုက်တပ်လျက်သားနဲ့ ထွက်လာပြီ။
💛ဟာ ပါပါး နေတောင်းဘူးရား
❤️ကောင်းပါတယ် သားရယ် ပိစိလေးအသက်ရှူမဝလို့ လာသွားကြမယ်
အပြင်မှာစောင့်နေတဲ့ကလေးတွေက အိမ်ထဲထိလာပြန်မေးလို့ ကလေးတွေကိုခေါ်ပြီး ကားပေါ်တင်ပေးလိုက်ရသည်။နောက်ခန်းမှာ P'Chenရှိနေတာမို့ babyကို ကိုယ့်ဘေးမှာပဲထိုင်ခိုင်းလိုက်သည်။
🖤baby ဘေးမှာထိုင် အိပ်ပြီးလိုက်ချင်လိုက်ခဲ့
❤️ကိုကိုကလည်း နည်းနည်းလေး အသက်ရှူမဝတာကို babyနေကောင်းပါတယ် အဲ့လိုရောဂါသည်ကြီးလို မဆက်ဆံနဲ့ ...မဟုတ်မှန်းသိပေမဲ့လို့ပေါ့ နော်
YOU ARE READING
🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2
FanfictionFinal Chapters 1 က အပိုင်းရေ limitပြည့်သွားလို့ ထပ်ခွဲထားတာပါ။ A Million Dreams ရဲ့အပိုင်းဆက်တွေကို ဒီမှာဆက်တင်ပေးသွားမှာပါ 🖤❤️