Unicode
🖤 Theories of LOVE❤️
🖤Season-4❤️
🖤 Tabula Rasa-23❤️
မွေ့ယာထဲနွေးထွေးနစ်ဝင်နေတဲ့ ခန္ဓာကိုယ်ဟာမနက်ခင်းဟူသောကာလမှာ လှုပ်ရှားသက်ဝင်လာခဲ့ပြီ။
မျက်လုံးတို့ကိုအသာဖွင့်ကြည့်တော့ ချစ်ရတဲ့လူသားသုံးဦးက အိပ်မောကျနေဆဲ။ တစ်ယောက်နဲ့တစ်ယောက်ပွေ့ဖက်လို့ အိပ်နေကြတဲ့ ကျွန်တော်တို့အလယ်က အသည်းအသက်ကလေးတွေကိုကြည့်ရင်း တစ်နေ့စာအားတွေယူနေတုံး မောင်နှမနှစ်ယောက်လုံးလှုပ်လှုပ်ရွရွနဲ့ နိုးလာကြသည်။
🕊️တိုတို မီးအတားတေပူတယ်
ဖက်ထားတဲ့သူ့အကိုကို ပြောပြနေတာကြားတော့ ကျွန်တော်လည်း မျက်လုံးတို့ပြူးကျယ်ရပြီ။
💛ပါပါး ညီမရေး နေတောင်းဘူးရားတိဘူး
❤️သမီးလေး လာပါဦး
လှဲရာကနေထလို့ သူ့ကိုယ်လုံးလေးပွေ့ပြီး နဖူးကိုပါးနဲ့ကပ်ကြည့်တော့ အသားလေးကနွေးလို့။ ခုလိုဖျားမှာကြောက်လို့ ညကဆေးတိုက်ပြီးသိပ်တာတောင်ဖျားရတယ်လို့ဗျာ။ ညကငိုတာအရမ်းများသွားတော့ ဖျားမှာလန့်ပြီးထငိုမှာစိုးလို့ ဆေးကြိုတိုက်ပြီးသိပ်ခဲ့မိတာ ကံကောင်းပါတယ်လေ။နို့မို့ ခုထက်မကအဖျားကြီးနေမှ ကျွန်တော့်သမီးလေး ပိုခံစားနေရမှာ။
❤️အသားလေးနည်းနည်းနွေးနေပြီ သမီးလေး ခုဘာဖြစ်နေလဲ ပါပါးကိုပြော
🕊️ခေါင်းချော်ပေး ခေါင်းထဲမှာ ပိုးတောင်တေငြိမ်နေဘူး နာနေတယ်
မျက်နှာလေးတစ်ခုလုံးရဲလို့ သူခေါင်းထဲနေရအဆင်မပြေတာကြောင့် ခေါင်းလျှော်ပေးတဲ့လေ။
❤️အဲ့ဒါ နည်းနည်းဖျားနေလို့ ခေါင်းမူးခေါင်းကိုက်တာ သမီးလေးရဲ့ ညကအများကြီးငိုထားလို့လည်း ပါတာပေါ့
🕊️မီး ငိုချင်တော့ဘူး မီးမျက်ရုံးညောင်းနေဘီ
💛နောက်ဆိုးရတော့ဘူးနော်
သူ့ညီမကိုလူကြီးလေးလို ဆုံးမနေတဲ့ သားကိုကြည့်ပြီး ပီတိတွေလည်း ဖြစ်ရပါတယ်။ သားနဲ့သမီးက မဆိုးသွမ်းဘဲ လိမ္မာနေပေးလို့ ကျေးဇူးတွေလည်းတင်ရပါတယ်။
YOU ARE READING
🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2
FanfictionFinal Chapters 1 က အပိုင်းရေ limitပြည့်သွားလို့ ထပ်ခွဲထားတာပါ။ A Million Dreams ရဲ့အပိုင်းဆက်တွေကို ဒီမှာဆက်တင်ပေးသွားမှာပါ 🖤❤️