🖤A Million Dreams-57❤️

870 124 259
                                    

Unicode

🖤Theories of LOVE❤️

🖤Season-4❤️

🖤A Million Dreams-57❤️

နဖူးပေါ်လက်တင်ပြီး စဥ်းစားနေတာ တော်တော်ကြာပြီ။ ဂုဏ်သိက္ခာတွေကို ပွတ်တိုက်ကြည့်တဲ့အခါ ဘယ်လို ရလဒ်မျိုးထွက်လာမလဲလို့လေ။

မရအရယူခဲ့တဲ့ ဓာတ်ပုံဟာ အစ်ကို့ရဲ့ သိက္ခာအတွက် တန်ကြေးဘယ်လောက်များနေမလဲ။ ဒါမှမဟုတ် လုံးလုံး တန်ကြေးမရှိတာမျိုးရော ဖြစ်နိုင်သလား။

ဒီတစ်ညတော့ သေချာနားလိုက်ပါဦးမယ်။ နက်ဖြန်ကျရင်တော့ အခြေအနေကို မီးစင်ကြည့်ကပြီး လှုပ်ရှားရမှာပေါ့။ ဘာလို့လဲဆိုတော့ အစ်ကိုဟာ ဒီလောကမှာ ကျွန်တော်မခန့်မှန်းနိုင်တဲ့ တစ်ဦးတည်းသော လူသားဖြစ်နေလို့ပါပဲ။

ဖြစ်နိုင်မယ် အင်း... ဖြစ်နိုင်မယ်ဆိုရင်တော့ ကျွန်တော်လိုချင်တာ တစ်ခုတော့ရှိတယ်။ ဒီဓာတ်ပုံက အဲ့လောက်ထိတန်မတန်မသိပေမဲ့လို့ပေါ့။

အစ်ကို့ မေးရိုးကို ခပ်ဆတ်ဆတ်လေးရိုက်ပြီး အရိုင်းဆန်ဆန်နမ်းဖူးချင်တယ်။ ရူးနှမ်းရာကျနေမလားမသိပေမယ့် ဒီလူရဲ့အထိအတွေ့နဲ့ တစ်ခါလောက်ရူးဖူးချင်တယ်။ ရှင်းရှင်းပြောရရင်ဗျာ အစ်ကို ပျော်သလိုနေလို့ရပေမယ့် အစ်ကို့ကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ချုပ်ကိုင်ထားနိုင်တဲ့လူဖြစ်ချင်တယ်။

အဲ့ဒီ့အတွက် Saint ဖြစ်ဖြစ် Blue ဖြစ်ဖြစ် ဘယ်လိုနင်းခြေရခြေရ ဘာပဲလုပ်ရလုပ်ရ ပြဿနာမရှိပါဘူး။ အဓိကက နက်ဖြန်ညမှာ အစ်ကိုဟာ ကျွန်တော့်ကျော့ကွင်းထဲ လှလှပပလေး သက်ဆင်းလာရမဲ့ နတ်သားလေးပဲ ဖြစ်ရမယ်။

⚡ ချစ်တယ် အစ်ကိုရာ ဟားဟားဟားးးးးး

🖤❤️🖤❤️

ညကအေးစက်ငြိမ်သက်လို့ ....

ရှေ့မှာထိုင်နေတဲ့ကောင်လေးကတော့ အေးစက်နေတဲ့အခန်းထဲမှာတောင် ဇောချွေးတွေပျံနေပြီ။

"အဲ့လိုလုပ်မှ ဖြစ်မှာလား သူက ကျွန်တော့်သူငယ်ချင်းလေ"

ပီတာဆိုသော အနှီလူသားလေးဟာ ဘာကြောင့်များ ဒီလိုလူမဆန်တဲ့ကောင်နဲ့ သူငယ်ချင်းဖြစ်နေတာလဲ တွေးကြည့်လို့တောင်မရ။

🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2Where stories live. Discover now