🖤A Million Dreams-70❤️

804 129 323
                                    

Unicode

🖤Theories of LOVE❤️

🖤Season-4❤️

🖤A Million Dreams-70❤️

ပျော်ရွှင်ခြင်းကို ငွေနဲ့ဝယ်လို့မရဘူးတဲ့
သေချာရဲ့လားဗျာ...

ကျွန်တော့်နှလုံးသားနဲ့ အလဲအထပ်လုပ်မယ်ဆိုရင်ရော ???

🖤❤️🖤❤️

လက်ကနာရီကို တစ်ချက်ကြည့်ပြီး ရင်ခွင်ထဲက ယုန်မြှောင်လေးရဲ့ ပခုံးကို ခပ်ဖွဖွနမ်းလိုက်သည်။

🖤 baby ရေသွားချိုးရအောင် ဒီညနေ Sunset ကို တစ်နေရာမှာ သွားကြည့်ဖို့ ပြင်ဆင်ထားတယ်

❤️ ဟုတ်လား ဘယ်နေရာမှာလဲ

🖤Haleakala တောင်ထိပ်မှာလေ နေဝင်ချိန်ရော နေထွက်ချိန်ပါ လက်လွတ်မခံပဲ ကြည့်သင့်တဲ့ နေရာတစ်ခုပေါ့

ဒီကနေ သွားရင် ကားနဲ့ ၂နာရီလောက်မောင်းရမှာကွ ဒီနေ့အချိန်အရ ၆နာရီနဲ့ ၅၂မိနစ်မှ နေဝင်မှာ ကိုကို ဒီည အိပ်ဖို့ တောင်နဲ့နီးတဲ့ အိမ်တစ်လုံးကို  reserved လုပ်ပြီးပြီ

❤️ ကိုကိုတစ်ယောက်တည်း ဘယ်လိုများ စီစဥ်နေတာလဲ ပင်ပန်းနေမှာပေါ့ baby နဲ့လဲ မတိုင်ပင်ဘူး

🖤 နှလုံးသားနဲ့စီစဥ်တဲ့ ခရီးလေကွာ baby နဲ့ ကလေးတွေကို ပျော်စေချင်တာမို့လို့ baby ဘာမှအပင်ပန်းခံစရာမလိုဘူး ကိုကို့နောက်သာလိုက်ခဲ့

❤️ ခင်ဗျားကြီး ချစ်ဖို့အရမ်းကောင်းတာပဲ

ပါးကိုလာနမ်းတာတစ်ခုနဲ့တင် ပင်ပန်းသမျှက ဘယ်ကိုလွင့်ပါမှန်းတောင်မသိပါဘူး။

💛 ရေချိုးရတေးဘူးရား ညန်ရုပ်

🖤ဟုတ်ကဲ့ပါ အဖေရေ လာ baby မြန်မြန်လာ

သူ့လက်ဆွဲပြီး နှစ်ယောက်သား ရေအလုအယက်ချိုးပြီး အဝတ်အစားတွေ ဆွဲလွဲထည့်ကာဟိုတယ်ကနေထွက်တော့ ညနေ၃နာရီထိုးတော့မယ်။ လာကြိုပေးတဲ့ကားသမားကို ခပ်မြန်မြန်လေးမောင်းခိုင်းရင်း စိတ်ကလောနေရတာလေ။ တည်းမဲ့အိမ်က ဒေသခံပိုင်ဆိုင်တဲ့ အိမ်ဖြစ်ပြီး Haleakala တောင်နဲ့ဆို ၅၄မိနစ်လောက်မောင်းရတဲ့နေရာမှာရှိတာပါ။ နေဝင်ချိန်မတိုင်ခင် တောင်ထိပ်ကို ၁နာရီခွဲလောက်စောပြီးရောက်ရမယ်ဆိုတော့....

🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2Onde histórias criam vida. Descubra agora