🖤Absquatulate-2❤️

527 112 221
                                    

Unicode

🖤Theories of LOVE❤️

🖤Season-4❤️

🖤Absquatulate-2❤️

ကြည့်တတ်တာထက် မြင်တတ်ဖို့က ပိုအရေးကြီးတယ်တဲ့

မျက်ဝန်းနဲ့ကြည့်တာထက် စိတ်တွေကလည်း မြင်နိုင်တယ်ဆိုတာ ယုံစေချင်ပါတယ်လေ

🖤❤️🖤❤️

📞📞📞📞

ဖုန်းမြည်သံကြောင့် အိပ်နေရာကနေ လန့်နိုးလာတော့ ကမန်းကတန်း ထကိုင်ရသည်။ အိပ်ပျော်နေတဲ့ မြေးလေးတွေ လန့်နိုးကုန်မှာစိုးလို့လေ။ ကမန်းကတန်းကိုင်လိုက်ရတာမို့ ဘယ်သူရယ်ဘယ်ဝါရယ်တောင် မကြည့်လိုက်ရ။

"Hello....ဘယ်သူလဲ"

"Boss ကျွန်တော် Mike ပါ "

"အေး ဘာကိစ္စရှိလို့လဲ"

"အကိုလေးလေ King ကြောင့် မျက်လုံးမှာ ဒဏ်ရာရသွားလို့ အခု ဆေးရုံရောက်နေတယ် အဲ့ဒါ  ကျွန်တော်တို့လေယာဥ်ကို အခု အဲ့ကို လွှတ်ထားပြီ Boss ရောက်တာနဲ့ အကြောင်းကြားပါလိမ့်မယ်"

"အင်း....."

အာမေဋိတ်တောင် မထွက်နိုင်တော့အောင် ရင်ထဲဟာခနဲ ကျန်ခဲ့ရင်း အင်း လို့သာ ပြောလိုက်နိုင်တော့သည်။ဖုန်းချပြီးတာနဲ့ တစ်ပြိုင်နက် အခန်းတံခါးဖွင့်သံကြောင့် ကြည့်လိုက်တော့ ချစ်ရတဲ့ သားငယ်လေး။ နှလုံးသားတွေ နာကျင်ရပါလားကွာ။

❤️ ဖေဖေ ဖေဖေရော နိုးနေတာလားဟင် သားဘာဖြစ်နေလဲ မသိဘူး သားတစ်ခုခုဖြစ်နေတယ် ဖေဖေ

အနားမှာဝင်ထိုင်ပြီး သူတစ်ခုခုကိုခံစားနေရကြောင်း မငိုပါဘဲပြောပြနေတဲ့ သားက မျက်ရည်တွေကျလို့ လက်တွေဆုပ်ကိုင်ကြည့်တော့လည်း အေးစက်လို့။

❤️ ကိုကို ဘာဖြစ်နေလဲမသိဘူး ဖေဖေရယ် သားပြန်ချင်တယ် အခုပြန်ချင်တယ်

တကယ်ဆို သူ့ကို မပြောပြချင် ဒါပေမဲ့ ဘဝက
ရင်ဆိုင်စရာပေးလာရင် လက်မခံဘဲ ရှောင်လွှဲလို့မှမရတာ။

"အပြင်ကို သွားရအောင်နော် ငါ့သား"

သူ့လက်ကို တင်းတင်းဆုပ်ကိုင်ရင်း အခန်းပြင်ဆွဲခေါ်ခဲ့တော့ သူ့မှာ ခြေလှမ်းတွေတောင် မခိုင်ချင်။ ကျုပ်လည်း ဘာထူးလဲ ယိုင်နဲ့ချင်နေတာပဲ ဒါပေမဲ့ ကျုပ်က အဖေမဟုတ်လား။ လမ်းလျှောက်တတ်ကာစ ကလေးတစ်ယောက်ဘဝကနေ ခုထိပျိုးထောင်လာခဲ့တာပဲဟာ။ သားရဲ့ ခြေလှမ်းတွေယိုင်နဲ့နေချိန်မှာ ကျုပ်က မတ်မတ်ရပ်နိုင်မှဖြစ်မှာ။

🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2Donde viven las historias. Descúbrelo ahora