🖤A Million Dreams-62❤️

806 120 147
                                    

Unicode

🖤Theories of LOVE❤️

🖤Season-4❤️

🖤A Million Dreams-62❤️

ဒုတိယအကြိမ်မြောက် baby မျက်ဝန်းထဲကကြယ်ရောင်လက်ခြင်းဟာ ဒီအိပ်မက်အတွက် ယူကြုံးမရဖြစ်ခြင်းလား ဒါမှမဟုတ် မုန်းတီးနာကျည်းခြင်းလား။

အဖြစ်အပျက်အလုံးစုံကို သူ့ကိုပြောပြပြီးနောက်မှာ ကျွန်တော့်ရင်ထဲက ဆန္ဒအမှန်ကို လူတွေသိရင် ဘယ်သူမှယုံကြမယ်မထင်။

မုန်းတီးခြင်း အောင်မြင်ခြင်း ကျရှုံးခြင်း အရာအားလုံးနဲ့လွတ်ကင်းတဲ့ တစ်ခုတည်းသော ဆန္ဒက baby မျက်ဝန်းထဲက ကြယ်တွေ မကြွေစေချင်တာပါ။

မတတ်နိုင်ခြင်းအပေါ် မတ်တပ်ရပ်နေပြီးမှ ရှုံးနေခဲ့ပြီးမှ ကျွန်တော်ဟာ အတ္တကြီးစွာနဲ့ပဲ ဒီကလေးရဲ့ မျက်ရည်တွေကို မမြင်ချင်ဘူးတဲ့။ အိပ်မက်တွေကို ငါဖျက်စီးမှာကို မင်းသိထားပါလို့ အသိပေးပြီးမှတော့ ဘယ်လို ကမ္ဘာက မပြိုပဲနေလိမ့်မလဲ။ ဘယ်လိုကြယ်တာရာမိုးတွေက မရွာပဲ နေလိမ့်မလဲ။

အဲ့ဒါတွေ သိသိရက်နဲ့တောင် ကျွန်တော်ဟာ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ဆုပ်ကိုင်ထားတဲ့ သူရူးလိုမျိုး သူ့ဆီကနေ မျက်ရည်မကျတဲ့ သဘောတူညီချက်တစ်ခုကို လိုချင်တာတဲ့။

ကိုယ့်စိတ်ကိုယ် သတ် ကိုယ့်တရားကိုယ် အသံတိတ် စ်ီရင်နေချိန်မှာ ကျွန်တော့်ရှေ့က ကမ္ဘာလေးဟာ ကျွန်တော်၏ လိုချင်ခြင်းကိုရော မလိုချင်ခြင်းကိုပါ ပေးအပ်ခြင်းမရှိပဲ ငြိမ်သက်လို့။

ကျွန်တော် သိပ်ကြောက်တယ် ခုချိန်မှာ ဒီအခိုက်အတန့် စက္ကန့်ပိုင်းလေးမှာ ကျွန်တော့်ဆီက အသံလေးတစ်ခုဟာ သူ့မျက်ရည်ကျဖို့ အကြောင်းပြချက်ဖြစ်သွားမှာကို ကျွန်တော်ကြောက်တယ်။ အဲ့တော့ ကျွန်တော့်ခေါ်သံတွေဟာ လည်ချောင်းဝတောင်မရောက်ပဲ နှလုံးသားထဲမှာပဲ ပိတ်လှောင်နေတာပေါ့။

ငိုချင်ရက်ကို လက်တို့သူ မဖြစ်စေချင်သလို ကိုယ့်ခံနိုင်ရည်ကို ကိုယ့်ဘာသာ ရိုက်ချိုးသူလဲ မဖြစ်လိုဘူးလေ။

❤️ baby ကို အချိန် ခဏပေးပါ ကိုကို

ချာကနဲ လှည့်ထွက်သွားတဲ့ အဖြူရောင်လေးကို လက်ကမဖမ်းဆုပ်ပေမယ့် မိုက်မဲတဲ့ စကားလုံးတွေက အတားအဆီးမဲ့စွာ ထွက်ကျသွားသေးတယ်..... ဒါပေမယ့် တိုးတိုးလေးပါဗျာ။

🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2Donde viven las historias. Descúbrelo ahora