🖤 Tabula Rasa-34❤️

478 87 284
                                    

Unicode

🖤 Theories of LOVE❤️

🖤Season-4❤️

🖤 Tabula Rasa-34❤️

နှုတ်ခမ်းလေးထော် လက်ကလေးနှစ်ဖက်ဆန့်ထုတ်လို့ ကျွန်တော့်တစ်နေ့တာကို လှပစေမဲ့ အချစ်ကလေးကို မနက်အိပ်ရာနိုးတာနဲ့ တွေ့ရတာက ဘယ်လောက်လှပလိုက်တဲ့ ဘဝလဲ...

ဘေးတစောင်းလှဲရင်း သူလှုပ်ရှားသမျှအမူအရာတို့ကို မျက်တောင်မခတ်တမ်းငေးကြည့်နေမိတော့ မကြာခင်မှာတင် သူနဲ့ အကြည့်ချင်းဆုံလာရပြီ။

အကြည့်ချင်းဆုံတာနဲ့ နဂိုစူနေတဲ့နှုတ်ခမ်းက ပိုထော်လာပြီး ချာခနဲဟိုဘက်လှည့်သွားတော့ သူ့တစ်ကိုယ်လုံးကို သိမ်းပွေ့လို့ မျက်နှာအနှံ့ကို အားရပါးရ အနမ်းတွေကြဲချပစ်လိုက်သည်။

❤️အာပုပ်ကြီးနဲ့ နမ်းမနေနဲ့ လွှတ် အင့်

ရုန်းမရအောင်ဖက်ထားတော့ သူမရုန်းတော့ပဲ အနမ်းတို့ကိုငြိမ်သက်စွာခံယူသည်။ နှုတ်ခမ်းကတော့ ထော်နေမြဲ ထော်နေဆဲပေါ့။

🖤baby ကို ဒီနေ့ လက်ဆောင်ပေးမလို့

စိတ်ဆိုးနေတဲ့ကောင်လေးက လက်ဆောင်အသံကြားလည်း တုတ်တုတ်မလှုပ် ပက်လက်လေးလှန် လက်ကလေးပိုက်ရုံတင်မက ခြေထောက်ပါဖမ်းချိတ်လိုက်သေး။ ဂရုလုံးဝမစိုက်ဘူးဆိုတဲ့ သဘောမှာတောင် ချစ်ဖို့ကောင်းနေမှုတွေက မပျောက်သွားဘဲ ပိုပိုတိုးလာတဲ့ ချစ်မွှေးလုံးလေးပါ။

🖤ချစ်မွှေးလုံးလေး အူကြူးလေး ကိုကိုပြောတာနားထောင်နေလား

❤️နာမည်ပေးတဲ့ အခါတော်ပေး ဗေဒင်ဆရာ လုပ်စားပါလား လူတစ်ယောက်တည်းကို နာမည်အမျိုးတစ်ရာလောက်ပေးနေတာ

🖤ချစ်မွှေးလုံးလေးဆိုတဲ့နာမည်ကို မကြိုက်လို့လား

❤️ကြိုက်တယ်

ကြိုက်တယ်ဆိုတဲ့ စကားသံလေးက နှလုံးသားကို ခပ်ဆဆချိန်ထိုးလိုက်တဲ့ သူ့လက်သီးလုံးလုံးလေးလိုပဲ ချစ်စရာကောင်းလွန်းပါတယ်။ ဆောင့်ဆောင့်အောင့်အောင့်လေသံလေးတောင် ဖမ်းလို့ရရင် ဖမ်းဆုပ်ပွေ့ပိုက်ထားချင်တဲ့အထိ မြတ်နိုးရတာပါ။

🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2Opowieści tętniące życiem. Odkryj je teraz