🖤 Verdant Note-40❤️

501 77 354
                                    

Unicode

🖤Theories of LOVE❤️

🖤Season-4❤️

🖤 Verdant Note-40❤️

💚📝 ဘဝတစ်ခုလုံး ပုံပေးခဲ့တာ ဘယ်လောက်ချစ်ကြောင်း သိစေချင်ရုံသာ...

🖤❤️🖤❤️

မနက်အိပ်ရာနိုးတာနဲ့ ထားစရာနေရာမရှိတဲ့ အချစ်တို့က အူယားမှုနဲ့ ပေါင်းကာ ကယောက်ကယက်ဖြစ်ရသည်။

မနက်စောစောနိုးတာမို့ Tent ထဲကနေ နေထွက်တာလေးကြည့်မယ်ဆိုတဲ့အကြံနဲ့ ဇစ်ဆွဲဖွင့်လိုက်တာနဲ့ တိုးဝင်လာတဲ့ လေအေးအေးကြောင့် အိပ်ပျော်နေသော ဝက်ကလေး၃ကောင်ဆီက အသံတွေထွက်လာသည်။

❤️အေးတယ်ဟ

💛စောင် ခြုံပေး

🕊️မီးဟာ ဆွဲနဲ့

သူတို့ဟာသူတို့ ကိုယ်ပိုင်စောင်တစ်ထည်စီခြုံထားတာတောင် ချမ်းတော့ ပြောချင်ရာတွေပြောနေကြတာလေ။ မွေးကာစဝက်ပေါက်လေးတွေ စောင်ထဲထည့်ထုပ်ထားသလို ပါးလေးတွေဖောင်းကစ်နီရဲ နှုတ်ခမ်းလေးတွေထော်နေတာက သားအဖ၃ယောက်လုံးဆိုတော့ ဘယ်ကလေးကို ‌ရင်ခွင်ထဲထည့်ဖက်ရပါ့။

🖤ဒုက္ခပဲ ချစ်ဖို့ကောင်းလိုက်တာ

ဒုက္ခပဲလို့ တရသည်အထိ သူတို့ဘေးငုတ်တုတ်ထိုင်ရင်း ၃ယောက်လုံးပေါ်ကုန်းကုန်းကွကွအုပ်မိုးလို့ဖက်ရမလား ဘာလားနဲ့ အသည်းကယား ရင်ထဲမှာ တလိပ်လိပ်။

နောက်ဆုံးတော့ သားအဖ၃ယောက်ပေါ် ကန့်လန့်အနေအထားနဲ့မှောက်နေလိုက်တော့မှ အသည်းယားခြင်းက နည်းနည်းပြေပျောက်ရသည်။

ဒီသားအဖ၃ယောက်လုံး တစ်ယောက်မှ ကျွန်တော့်အချစ်တွေကနေ မလွတ်စေရပါဘူး။ အလွတ်လည်း မခံနိုင်ဘူးရယ်။

ကလေးတွေကိုအရမ်းဖိမိမှာစိုးလို့ ကိုယ်ဖော့ထားတော့ baby ပေါ်မှာအလေးချိန်တော်တော်များများသက်ရောက်ရတာကတော့ အားနာစရာပေါ့။

❤️သေပါပြီ ကိုကို ဘာလုပ်နေတာလဲ ဖယ်ဗျာ

💛ဒီဒီရား ဘာရဲ

🕊️ပိနေဘီ အီးးး

🖤ချစ်လို့ ၃ယောက်လုံးကို ဖက်ထားချင်လို့

🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2Donde viven las historias. Descúbrelo ahora