Unicode
🖤 Theories of LOVE❤️
🖤 Season-4❤️
🖤 Tabula Rasa-9❤️
ဝုန်းးးးးးးးးး
ဝေလီဝေလင်းအချိန် ဝုန်းခနဲ အသံကြောင့် လန့်နိုးလာပြီး ရင်တလှပ်လှပ်နဲ့ ထထိုင်လိုက်ချိန်မှာ ကြားလိုက်ရတဲ့ နောက်ဆက်တွဲအသံ.....
💛အီးးးးး ဟီးးးးးးး ဗြဲ.......
လူကမြောက်တက်သွားသလားတောင်မသိ။ ထိုင်ရာကနေ ခုန်ထ အောက်ကိုပြေးကြည့်တော့ ကုတင်ဘေးမှာ မှောက်ရက်လေးနဲ့ အော်ငိုနေတဲ့ သားကိုတွေ့ရသည်။
❤️သား သားလေး ဘာဖြစ်လို့လဲဟင် ဘယ်နေရာနာသွားတာလဲ
သူ့ကိုပွေ့ချီလို့ ကုတင်ပေါ်ထိုင်တဲ့ထိ သားမှာမေးတာကို ပြန်မဖြေနိုင်ပဲ နာနာကျင်ကျင်ငိုနေတော့ ရင်ထဲမှာ စိုးရိမ်ပူပန်ရခြင်းတွေက လှိုင်းထနေပြီ။
❤️ လက်လား လက်နာသွားတာလားဟင် သားလေး
💛 ရမ်းနာဝါးဘီ ရက်နာတယ် အီးးးးးးဟီးးးးးးး
❤️ပျောက်အောင်လုပ်ပေးမယ်နော် ပျောက်သွားမှာပါ သားရယ် ပါပါးရှိတယ်
မိုးမလင်းခင် မနက်၅နာရီလောက်မှာ ငိုသံတွေညံနေတော့ သမီးငယ်ပါ အိပ်နေရာကထ သူ့အကိုကိုကြည့်ပြီး မေးလို့။
🕊️တိုတို ဘာဖစ်တာရဲ
❤️ကုတင်အောက်ပြုတ်ကျလို့ သမီးရဲ့ သားရယ်တိတ်ပါ ပါပါးချီထားမယ်နော် ဖိုးနွန်ကိုခုဖုန်းဆက်ခေါ်ပေးမယ်နော် သားသားကိုလာကြည့်ပါလို့ vitamin-Cလာကျွေးပါလို့
အားနာပေမဲ့လည်း သားကိုချီရင်း အန်ကယ့်ကိုဖုန်းဆက်ခေါ်ရတာက စိုးရိမ်စိတ်တွေနဲ့ပါ။ကိုကိုမှမရှိတာလေ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ အန်ကယ်ကလည်း ချက်ချင်းလာခဲ့မယ်ဆိုတော့ သားကိုချီရင်း ချော့လို့ စောင့်နေရုံပေါ့။
တော်တော်ကြာ သူငိုလို့ဝတော့မှ သေချာမေးကြည့်ရသည်။သူဘယ်လိုများ အောက်ပြုတ်ကျသွားသလဲလို့လေ။
❤️သား ဘယ်လိုလုပ်အောက်ပြုတ်ကျသွားတာလဲ ပါပါးကိုပြောပါဦး
ESTÁS LEYENDO
🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2
FanficFinal Chapters 1 က အပိုင်းရေ limitပြည့်သွားလို့ ထပ်ခွဲထားတာပါ။ A Million Dreams ရဲ့အပိုင်းဆက်တွေကို ဒီမှာဆက်တင်ပေးသွားမှာပါ 🖤❤️