Unicode
🖤Theories of LOVE❤️
🖤Season-4❤️
🖤A Million Dreams- 36❤️
🖤 မငိုပါနဲ့......
မငိုပါနဲ့ပြောနေတဲ့ ကိုယ့်အသံကိုက ကြေမွခြင်းတွေနဲ့ လုံးထွေးနေတော့ အားနာလိုက်ရတာ။
🖤 မငိုပါနဲ့ baby ရယ်....
ကြေမွခြင်းတွေက ထပ်ပြီး လုံးထွေးထွက်လာပြန်တော့ ကိုယ့်တားမြစ်ချက်ကို ချိုးဖောက်မိတော့သည်။ မငိုပါနဲ့ပြောပြီး ကျွန်တော်ငိုမိတာလေ။
အန်ကယ်ပြန်သွားပြီးတည်းက ဆေးအရှိန်နဲ့ အိပ်ပျော်သွားတဲ့ ကလေးက အသိစိတ်မရှိတာတောင် မျက်ရည်တွေကျနေတော့ ကျွန်တော်ဘယ်လိုစိတ်နဲ့ အသက်ရှူရမလဲ။ ပိတ်ကျနေတဲ့ မျက်ခွံအောက်က နာကျင်ခြင်းမျက်ရည်စတွေကို တို့သုတ်ပေးရင်း မငိုနဲ့လို့ တားမြစ်ရင်း ကိုယ်ပါငိုနေရပြီလေ။
🖤 ကိုကို့ကို ထပြီး စိတ်ဆိုးလိုက်ပါလား baby ရယ် မငိုပါနဲ့တော့
နောက်မအော်တော့ဘူးလို့ ကတိမပေးနိုင်တာလဲ တောင်းပန်ပါတယ် baby ရယ်
ကိုကို့ကြောင့် အရမ်းလန့်သွားရတာ စိတ်မကောင်းဖြစ်သွားရတာပါ တောင်းပန်ပါတယ်ကွာ
သူ့ကိုပွေ့ဖက်ရင်း နာကျင်ခြင်းတွေသွန်ချမိတော့ ဒီညက နက်သထက်နက်ရမှာပေါ့။ မမြင်နိုင်သေးတဲ့အရပ်ဒေသက ထိခိုက်စေတဲ့လူကိုလည်း ကျွန်တော်ဖော်ထုတ်ရမယ်။ ရာရာစစ ကျွန်တော်တို့ရဲ့အိပ်မက်တွေကိုရော ကျွန်တော့်ကလေးငယ်ကိုပါ ထိခိုက်စေတဲ့ကောင်ကို အရှင်ထားဖို့စိတ်ကူး မရှိတော့ပါဘူး။ ကလေးငယ်ကို ပွေ့ပိုက်ရင်း Mike ဆီ ဖုန်းခေါ်ပြီး ဖြစ်ချင်တာတွေ ချက်ချင်းအကောင်အထည်ဖော်မိပြီ။
🖤 Mike မနက်ကျရင် ငါ့ရုံးခန်းတစ်ခုလုံးကို မင်း ပိုက်စိပ်တိုက်ရှာစမ်း spy cameraလို အသံဖမ်းစက်လိုမျိုးပေါ့ ပြီးတော့ သန့်ရှင်းရေး Team ခေါင်းဆောင်နဲ့ညှိပြီး ရုံးက cleanerတွေအကုန်လုံး တခြားရုံးခွဲတွေကို ပို့လိုက်
ပြီးတော့ ငါတို့ရုံးရှေ့တည့်တည့်က ဟိုတယ်ကို ဒီညတွင်းချင်းပဲ အပြီးဝယ်လိုက် ဘယ်သူမှမသိစေနဲ့
VOCÊ ESTÁ LENDO
🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2
FanficFinal Chapters 1 က အပိုင်းရေ limitပြည့်သွားလို့ ထပ်ခွဲထားတာပါ။ A Million Dreams ရဲ့အပိုင်းဆက်တွေကို ဒီမှာဆက်တင်ပေးသွားမှာပါ 🖤❤️