🖤 Tabula Rasa-18 ❤️

457 88 242
                                    

Unicode

🖤 Theories of LOVE❤️

🖤 Season-4❤️

🖤 Tabula Rasa-18❤️

အပ်ကျသံပင်ကြားရလောက်အောင်တိတ်ဆိတ်နေပြီး ဝင်သက်ထွက်သက်အချို့သာ ပွတ်တိုက်ဝေ့ဝဲနေသော အခန်းထဲဝယ် အကြည့်တို့ကတော့ ပူလောင်လျက်ရှိသည်။

ဒီတစ်ခါ ထိပ်တိုက်တွေ့ဆုံခြင်းမှာ ရလဒ်ဘယ်လိုထွက်မယ်မသိသေးပေမဲ့ တစ်ယောက်ယောက်ကတော့ လျှော့မှရမဲ့အနေအထားပါ။

🖤ငါ အရင်ပြောမယ်

တိတ်ဆိတ်မှုကို အသက်သွင်းတဲ့လေသံဟာ အေးစက်ပြတ်သားလို့ ရိပ်ခနဲလှုပ်ရှားမှုနောက်မှာ စူးရှချွန်မြနေတဲ့ ပုလင်းကွဲထိပ်ဖျားတစ်ခုက ကျွန်တော့်လည်ပင်းပေါ်ထောက်လျက်သား။

မမျှော်လင့်ထားတဲ့ အခြေအနေမှာ စီးဆင်းနေတဲ့ သွေးတို့ဟာ အေးခဲသွားပေမဲ့ ခံစားချက်တွေကတော့ အရည်ပျော်ကျလာသည် ။ ပျော့ညံ့တာမဟုတ်ဘဲ မမျှော်လင့်ထားဘူးဆိုတဲ့အသိကြောင့်ပါ။

❤️သတ်ချင်လောက်အောင် ဒေါသထွက်နေတာလား

ဘာအရိပ်မှဖမ်းမရလောက်အောင် တည်ငြိမ်လွန်းတဲ့ သူ့မျက်ဝန်းကိုမြင်လေ ကျွန်တော်ကိုယ့်ဟာကိုယ်အပြစ်တင်မိလေပါပဲ ။ ချစ်တယ်ဆိုတာကလွဲလို့ သူ့အကြောင်း ဘာမှမသိသေးလို့လေ။

🖤သူမတူအောင်ချစ်ပြတတ်တဲ့လူတစ်ယောက်အမုန်းဆုံးကဘာလဲ သိလား

သူ့အချစ်ကို စော်ကားခံရတာပဲ babyရဲ့

❤️ထိုးလိုက်ပါ နာကျင်စေမှန်းသိရက်နဲ့ အမြဲထိန်းမထားနိုင်တဲ့အတွက် အပြစ်ပေးခံရလည်း တန်ပါတယ်

🖤ဟောဒီ လည်ပင်း ဖြူဖြူလှလှလေးကို ထိုးစိုက်လိုက်ရင် သွေးရဲရဲလေးတွေ ပန်းထွက်လာမှာပဲနော် အရမ်းလှမှာပဲ

ကိုယ့်အပြစ်နဲ့ကိုယ် ရဲဆေးတင်ထားပေမဲ့ ဒီအကြည့် ဒီအပြောတွေမှာ ကျွန်တော်ပြိုလဲချင်နေပြီ။ ကျွန်တော့်စိတ်ကို ခုနေ လွှတ်ချလိုက်ရင် နာကျင်တုန်ယင်မှုတွေက အတောသတ်တော့မှာ မဟုတ်ပါဘူး။

❤️လက်ဆောင်အဖြစ် အသက်ကိုတောင် ပေးထားပြီးပြီပဲ ကိုကို့သဘောပါ

🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2Where stories live. Discover now