Unicode
🖤 Theories of LOVE❤️
🖤 Season-4❤️
🖤 Tabula Rasa-7❤️
ညငှက်နဲ့ ပိုးမွှားကောင်အချို့အော်သံသဲ့သဲ့ဟာ အိမ်ရဲ့နောက်ဖက် လိပ်ပြာဥယျာဉ်ရှိရာကနေ လေနဲ့အတူလွင့်မျောပါလာချိန်မှာ ကျွန်တော်က ဝရန်တာမှာ.....
လေအေးတွေတိုးဝှေ့နေတဲ့ကြား မတ်တပ်ရပ်လို့ ကောင်းကင်ကိုမော့ကြည့်ရင်း ဒီနေ့ည လေယာဉ်နဲ့ရောက်လာတော့မဲ့ တစ်စုံတစ်ရာအကြောင်းကို တွေးကာ စိတ်လှုပ်ရှားနေမိပြီ။
မကြာခင်အသက်ဝင်လာတော့မဲ့ အရာအတွက် ကျွန်တော့်ရဲ့ကြိုးစားအားထုတ်ခြင်းတွေကို လုံလောက်တာထက်ပိုစေချင်သည်။ တကယ်လည်း ပိုပိုသာသာဖြစ်အောင် အစစအရာရာအကုန်စီစဉ်ခဲ့ရတာပါပဲ။
❤️ကိုကို လာလေ ဘာလုပ်နေတာလဲ အေးနေတာကို
baby လာခေါ်တော့မှ အတွေးစတွေဖြတ်တောက်ပြီး အခန်းထဲပြန်ဝင်လာရသည်။အခန်းထဲမှာတော့ နွေးထွေးသွားစေမဲ့ အသက်ဓာတ်ကလေးတွေက ကုတင်ပေါ်မှာရှိနေကြတာမို့ သူတို့နားတိုးကပ်ထိုင်ရပြီ။
🖤အသည်းလေးတို့ အိပ်ကြတော့မှာလား
ကုတင်ပေါ်ပက်လက်လှန် ခြေထောက်ကအရုပ်ခြေအိတ်လေးတွေကို တို့လိုက်ထိလိုက်နဲ့ ဆော့နေကြတဲ့ ကျွန်တော့်ဝက်ကလေးတွေကိုမေးတော့ ပက်လက်ကနေ ထလာကြပြီး ခိုင်းစားပါပြီ။
💛တားတား ညောင်းတယ် နှိပ်ပေးပါရား
🕊️မီးရောပဲ ကရတာ ညောင်းးးဝါးဘီ
🖤ဟုတ်ပါပြီဗျာ နှိပ်ပေးပါ့မယ်
❤️နှိပ်ပေးတာက ဟုတ်ပါပြီ ပါပါးတို့လည်း ရယ်ရလို့ မောသွားပြီလေ မောတာကိုရော ဘာလုပ်ပေးမှာလဲ
🖤baby မောနေတာလား ဟင်
❤️ဟင့်အင်း စနေတာကို ကိုကိုကလည်း အသာလေးနေတာမဟုတ်ဘူး
🖤မရပါဘူး ဒါက စ စရာမဟုတ်ဘူး
❤️ထားတော့ ကဲ နှစ်ယောက်လုံး လှဲ နှိပ်ပေးမယ်
ဝက်ကလေးနှစ်ကောင်ရဲ့ ခြေထောက်လုံးလုံးတုတ်တုတ်လေးတွေကို လက်နဲ့ထွေးဆုပ်လိုက်တိုင်း ချစ်တဲ့ ခံစားချက်က ရင်ထဲကို တအိအိနဲ့နစ်ဝင်နေသလိုမျိုးခံစားရသည်။
YOU ARE READING
🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2
FanfictionFinal Chapters 1 က အပိုင်းရေ limitပြည့်သွားလို့ ထပ်ခွဲထားတာပါ။ A Million Dreams ရဲ့အပိုင်းဆက်တွေကို ဒီမှာဆက်တင်ပေးသွားမှာပါ 🖤❤️