Unicode
🖤Theories of LOVE❤️
🖤Season-4❤️
🖤A Million Dreams-51❤️
စိတ်ကျေနပ်ခြင်းတွေနဲ့ ရီဝေဝေမွှေးရနံ့တွေကြားမှာ အလုပ်တောင်မလုပ်နိုင်တော့ပဲ ထိုင်နေမိတာ တော်တော်ကြာပြီ။
ကြားရခဲတဲ့ အသံလေးတွေနဲ့ အတွေ့အကြုံအသစ်တစ်ခုကြောင့် ရင်ခုန်တာ ဒီနေ့ပျောက်ပါတော့မလားတောင်မသိ။ တကယ်မလွယ်တဲ့ မြတ်နိုးရာလေးပဲ။
"အကိုလေး အမောပြေ သံပုရာရည်လေး"
Mike အသံကြားမှပဲ ဘောင်လွန်နေတဲ့ နှုတ်ခမ်းတွေကို မနည်းပြန်ဆွဲစိရသည်။ စပ်ဖြီးဖြီးရုပ်ကြီးဖြစ်နေမှာ အသေအချာပဲမို့လို့လေ။
🖤 ကျေးဇူး Mike
သံပုရာရည် မချိုမချဥ်လေးကို သောက်ရင်း Mike ကိုကြည့်မိတော့ သူ့ရုပ်ကလဲ ကျွန်တော့်လိုပဲ ဖြီးလို့။
🖤 ဘာဖြစ်နေတာလဲ မင်းက စပ်ဖြီးဖြီးနဲ့
"ဘာမှမဖြစ်ပါဘူး အကိုလေးရဲ့ ဒီတိုင်းပဲ..."
🖤ဟုတ်လို့လား မင်းခုလို မျက်နှာကြီး ဖြီးနေတာကို ငါတစ်ခါမှမတွေ့ဖူးပါဘူး
"ဟီး အဲ့ဒါက ဟိုလို ရှိတယ်"
🖤 မပြောရင် ငါ ဆောင့်ကန်တော့မှာ ပြော အခု ဘာဖြစ်နေတာတုံး
"ဆရာသမားကလဲ ဒီမှာ ရယ်ချင်တာကို ထိန်းနေပါတယ်ဆို ဟားဟားဟားးးး"
မတ်တပ်ရပ်နေရာကနေ ခုံမှာထိုင်ချလိုက်ပြီး အားရပါးရ လက်ခုပ်လက်ဝါးတီးရယ်နေတဲ့ကောင်ကို ဘာပြောရမှန်းမသိပဲ ထိုင်ကြည့်နေရတော့သည်။
"အကိုလေး Saint ကို သဘောကျလွန်းလို့ပါဗျာ တကယ်သူမို့ အဲ့လို ကြံကြံဖန်ဖန် ဟားဟား"
🖤 ပြောစမ်း Mike အခုမပြောရင် မင်း အသေပဲ
ခြိမ်းခြောက်ဟိန်းဟောက်တော့မှပဲ အရယ်တစ်စခန်းရပ်တော့သည်။
"အဟမ်း ပြောပြမယ် ဒီနေ့ King ကို ကျွန်တော်တို့အားလုံးပေါင်းပြီး အလဲထိုးနိုင်ခဲ့တယ်လေ အကိုလေး မသိတာတစ်ခုပါပဲ
အကိုလေး ဟို အခန်းထဲမှာ ဟိုဒင်းဟိုဟာလေ အဲ့ဒါဖြစ်နေတုံးက အပြင်ကနေ King ကြားသွားတယ်"
YOU ARE READING
🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2
FanfictionFinal Chapters 1 က အပိုင်းရေ limitပြည့်သွားလို့ ထပ်ခွဲထားတာပါ။ A Million Dreams ရဲ့အပိုင်းဆက်တွေကို ဒီမှာဆက်တင်ပေးသွားမှာပါ 🖤❤️