Unicode
🖤Theories of LOVE❤️
🖤Season-4❤️
🖤Verdant Note -7❤️
💚📝 အမှောင်ဆုံးညဟာ အတောက်ပဆုံး ကြယ်တွေကို ထွန်းလင်းစေတယ်တဲ့....💚📝
🖤❤️🖤❤️
မနက်က ပြဿနာတွေ ပြီးသွားတည်းက ကိုကိုဟာ ပျော်ရွှင်ခြင်းရပ်ဝန်းလေးမှာ နစ်မွန်းနေပုံရသည်။ ကျွန်တော်တို့ သားအဖတွေ ဘာလုပ်လုပ် ပြုံးပြုံးလေးပဲ ထိုင်ကြည့်ပြီး ငြိမ်သက်နေတာက အရင်နဲ့မတူထူးခြားနေသည်။
ကလေးတွေကိုသာမက ကျွန်တော့်ကိုပါ ဖခင်တစ်ယောက်ရဲ့ အကြည့်တွေနဲ့ ကြည့်နေလေတော့ ကျွန်တော့်ရင်ထဲ ဝမ်းသာဝမ်းနည်းနဲ့ရယ်။ ဖေဖေက ကျွန်တော့်ကို အမြဲကြည့်နေမယ်ဆိုတဲ့ ကတိကို တည်အောင် လုပ်သွားနိုင်ခဲ့တာပဲ မဟုတ်လား။
သားအဖတွေ ညစာစားပြီး ခြံထဲလေညှင်းခံထွက်နေရင်း အေးလာတော့ အိမ်ထဲဝင်ဖို့ သူအချက်ပြပြီမို့ သားနဲ့သမီးကို ဖမ်းဆွဲခေါ်ပြီး အိမ်ထဲဝင်လာရသည်။ အိမ်ထဲရောက်တော့ ဆော့ရတာ မဝသေးသည့် ကဲစိန်တို့က ဘာနဲ့ဆော့ရမလဲလို့ရှာကြဖွေကြပြန်သည်။
ကျွန်တော်ကတော့ ကိုကို့နား ကပ်သွားပြီး သူ့မျက်မှန်ကို အသာပင့်တင်ကာ မျက်ဝန်းလေးကို နမ်းပစ်လိုက်ပြီ။ ချစ်လို့ သဘောကျလို့ ကျေးဇူးတင်လို့ မနေနိုင်တော့လို့လေ။
🖤 ကောင်လေး ဘယ်လိုဖြစ်တာလဲ
❤️ ချစ်လို့ပေါ့ဗျ ဟိုးတုံးတည်းက ချစ်ရတဲ့ မျက်ဝန်းလေး ခုလည်းချစ်မယ် နောင်လည်းချစ်မယ်
ကျွန်တော့်ကို သူ့ပေါင်ပေါ်ဆွဲတင်ထိုင်စေပြီး ခါးကိုဖက်ထားတော့ နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ရင်း အကြည့်တွေကမခွာနိုင်တော့။ အနမ်းတွေမပါဘဲ အကြည့်သက်သက်နဲ့လည်း တစ်ခါတစ်လေ ပြည့်စုံတာထက် လုံလောက်ရပြန်တာပဲ။
🕊️ ဥချင့် ဥ
💛 ဝယ်ကြပါဦး ဟို အတိုရီးတို့
နှစ်ယောက်သားအကြည်ဆိုက်နေတုံး ကြားလိုက်ရတဲ့ အသံလေးတွေက အထူးအဆန်းပါလား။ ကြည့်လဲကြည့်လိုက်ရော ကြိမ်ခြင်းလေးထဲ ကြက်ဥဘဲဥတွေ ထည့်ပြီး ဥလို့ အော်ရောင်းနေတဲ့ ကြက်ဥ ဘဲဥသည် ကောင်မလေးရယ်
ငှက်ပျောဖီး ခပ်သေးသေးတစ်ဖီးကို ခေါင်းပေါ်ရွက်လို့ ဝယ်ကြပါဦးအော်နေတဲ့ ငှက်ပျောသီးသည် ကောင်လေးရယ်က ကျွန်တော်တို့ဆီ တန်းတန်းမတ်မတ်လာနေကြပြီ။
ESTÁS LEYENDO
🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2
FanficFinal Chapters 1 က အပိုင်းရေ limitပြည့်သွားလို့ ထပ်ခွဲထားတာပါ။ A Million Dreams ရဲ့အပိုင်းဆက်တွေကို ဒီမှာဆက်တင်ပေးသွားမှာပါ 🖤❤️