🖤 Tabula Rasa-39❤️

402 62 247
                                    

Unicode

🖤 Theories of LOVE ❤️

🖤 Season-4❤️

🖤 Tabula Rasa_39❤️

👤 ကျွန်တော်ပါ ကိုကို ..... No ပါ

တုန်လှုပ်နေတဲ့စိတ်နဲ့ ကျွန်တော့်ရှေ့က ချစ်ရသူကို အသံတိတ်ကြည့်ရင်း ဘာဆက်ပြောလို့ပြောရမယ်မသိ။ ချစ်ရသူရဲ့မျက်နှာပေမဲ့ ထွက်ကျလာတဲ့ စကားလုံးတွေက တည်ကြည်လေးနက်ခြင်းအပြည့်မို့ နောက်ပြောင်နေတယ်လို့မှ မခံစားရတာ။

👤လန့်သွားလား....

ငြိမ်သက်ခြင်းရဲ့နောက်ကွယ်မှာ စိုးရိမ်ခြင်း ဒီရေဟာ တရိပ်ရိပ်တက်လို့ နှလုံးသားတစ်ခုလုံးက စက္ကန့်ပိုင်းအတွင်း ပေါက်ကွဲထွက်တော့မလိုနဲ့ရယ်ပါ။

🖤အဟက်..... ငါ....baby......babyရော

တလောကလုံး ရိပ်မိုးထားနိုင်တဲ့ စိတ်ခွန်အားမျိုးရှိနေပါစေ babyသာ ပျောက်ရှသွားရင် ကျွန်တော်က ဗလာသက်သက်နဲ့ ဘာမှမဟုတ်တော့မဲ့ လူတစ်ယောက်ပါပဲ။

ကြောက်ရွံ့ခြင်းကို မျှခြေချရင် babyလို့ပဲ အဖြေထွက်တာကိုး။ baby ဆိုတဲ့ လူသားတစ်ဦးကသာလျှင် ကျွန်တော့်ရဲ့စိတ်နဲ့ ရုပ်နာမ်အရာအားလုံးကို ထိန်းချုပ်ထားနိုင်တဲ့လူကိုး။

🖤ဟားးးးး ငါရူးတော့မယ်ကွာ .... ဘာလဲ ...ဘာတွေလဲကွာ

မွန်းကြပ်လှောင်ပိတ်ခြင်းကနေ မနေနိုင်စွာ ဖောက်ထွက်မိတော့ ထွက်ကျသွားတဲ့စကားလုံးတစ်လုံးစီတိုင်းမှာ နှလုံးသားက သေလုမျောပါး နာသည်။

👤ကျွန်တော် ရှင်းပြပါ့မယ် ကိုကို မနက်ကဆရာကြီးကပြောသွားတယ်လေ........

ရှင်းပြနေတဲ့ နှုတ်ထွက်စကားတစ်လုံးချင်းစီတိုင်းကို အသက်အောင့်နားထောင်မိရင်း ရင်ထဲမှာအောင့်လို့။သူအတိုချုံးရှင်းပြတာကို နားထောင်အပြီးမှာ နားလည်ခြင်းတချို့ရယ် စိုးရိမ်သောကတစ်အုပ်တစ်မရယ်နဲ့ ယုံကြည်ခြင်းအငွေ့အသက်တွေ လျှံထွက်နေတဲ့ ကော်ဖီခါးခါးတစ်ခွက်ကို သောက်လိုက်ရသလိုပါပဲ။

🖤ဒါဆို ငါ့လိပ်ပြာလေးက ပျံသန်းနေပြီပေါ့

👤ဟုတ်တယ် ကိုကို သူလုပ်နိုင်မှာပါ သူ့ကိုယ်သူယုံကြည်မှုတွေလည်း အပြည့်အဝရှိနေတာကို ကျွန်တော်တွေ့ခဲ့ရတယ်

🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2Where stories live. Discover now