Unicode
🖤Theories of LOVE❤️
🖤Season-4❤️
🖤A Million Dreams-63❤️
ဆုပ်ကိုင်ထားတဲ့ လက်အစုံဟာ နွေးထွေးခြင်းနဲ့ ဘဝတစ်သက်စာလို့ အဓိပ္ပါယ်ရပါတယ်...
ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် အဘိဓာန်မှာပေါ့🖤❤️
🖤❤️🖤❤️
ခူးးးးးးခလော......
အကောင်းဆုံး ကျော်ဖြတ်နိုင်ခဲ့ပြီဆိုတဲ့အသိနဲ့ အိပ်ရာပေါ်ခြေပစ်လက်ပစ်လှဲလိုက်တော့ ဘေးက ဝက်ကလေးက ဟောက်သံပိစိလေးနဲ့ ငြိမ်းချမ်းလို့။
ဟိုကောင် King ကို Mike တို့နဲ့ လွှဲထားခဲ့ပြီး baby ကို ဂိုဒေါင်ထဲကနေ အသည်းအသန်ပြန်ထုတ်ကာ အိမ်ကိုပြန်ခေါ်လာခဲ့တာပါ။ အိပ်ဆေးအရှိန်နဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ကလေးဟာ ပူပင်သောကကင်းကင်းနဲ့ ကျွန်တော့်လက်ထဲ သူ့ကြမ္မာပုံအပ်ခဲ့တာက တကယ့်ကို ချစ်စရာ မြတ်နိုးစရာပါ။
အိပ်ပျော်နေရင်း သေသွားမလား ရှင်နေဦးမှာလား ဘာမှမခန့်မှန်းနိုင်တဲ့အနေအထားမှာ သူဟာ ကျွန်တော့်ကို ယုံကြည်ခြင်းတွေပဲ ပေးခဲ့တာလေ။ ဘေးတိုက်မြင်နေရတဲ့ မျက်နှာလေးကို ကြည့်ရင်း ရင်ကွဲမတတ် ပျော်ရကြည်နူးရတာက ရင်နဲ့အမျှပေါ့ဗျာ။
ကျွန်တော့်လက်ချက်နဲ့ ဖူးယောင်စုတ်ပြတ်နေတဲ့ မျက်နှာလေးမြင်ရတော့လည်း အပျော်တွေက ချက်ချင်းအငွေ့ပျံပျောက်ကွယ်ရတာပါပဲ။ မနက်မိုးလင်းရင်တော့ နာကျင်နေရှာမှာပဲ။ စိတ်မကောင်းခြင်းတွေနဲ့ပဲ အဝတ်အစားအမြန်လဲ ခြေလက်ဆေးကာ baby ကို ညအိပ်ဝတ်စုံလဲပေးပြီး ခြေထောက်တွေလက်တွေကို ရေပတ်တိုက်ပေးလိုက်သည်။
ရေပတ်တိုက်ပေးပြီးတော့ သူပေးခဲ့တဲ့ မျက်ရည်စက်လေးကို ပြန်ချွတ်ရင်း ခြေဖမိုးဖြူဖြူနုနုလေးပေါ်မှာ နေရာပြန်ချပေးတော့ ရင်ထဲမှာ ခံစားရတာကတငြိမ့်ငြိမ့်။ ဒီမျက်ရည်စက်လေးဟာ သူနဲ့ကျွန်တော့်ကြား အပြန်အလှန်ပေးအပ်ခဲ့တဲ့ အချစ်နဲ့ ယုံကြည်ခြင်း သင်္ကေတလေ။
မျက်ရည်စက်လေးကို ဖိကပ်နမ်းရှိုက်ရင်း ကျေးဇူးတင်ကြောင်း တန်ဖိုးထားရပါကြောင်း ရင်ထဲကနေတိုးတိုးလေးပြောမိသည်။ အိပ်မက်ထဲမှာ ကိုကို့အချစ်တွေနဲ့ ပျော်ပါစေ ကလေးလေးရေ။
أنت تقرأ
🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2
أدب الهواةFinal Chapters 1 က အပိုင်းရေ limitပြည့်သွားလို့ ထပ်ခွဲထားတာပါ။ A Million Dreams ရဲ့အပိုင်းဆက်တွေကို ဒီမှာဆက်တင်ပေးသွားမှာပါ 🖤❤️