🖤Verdant Note-11❤️

612 99 124
                                    

Unicode

🖤Theories of LOVE❤️

🖤Season-4❤️

🖤Verdant Note-11❤️

💚📝
မုန်းမေ့ဖို့မလွယ်
ချစ်သော ဤသံသရာဝယ်...

🖤❤️🖤❤️

ကိုယ့်အရိပ်တောင် ကိုယ်သဲသဲကွဲကွဲ မမြင်ရတဲ့လမ်းမပေါ်မှာ ကျွန်တော်တစ်ယောက်တည်းပါ။ တစ်ယောက်တည်းဆိုပေမဲ့ အားတော့မငယ်မိပါဘူး။ ဒါ ကျွန်တော်ကိုယ်တိုင် ရွေးချယ်ခဲ့တဲ့လမ်းပဲလေ။

ခုချိန်မှာ ကျွန်တော်ဟာ အသက်၂၅နှစ်အရွယ် သာမန်ကောင်လေးတစ်ယောက်ပဲ။ ဘယ်သူ့ ဘယ်သူနဲ့မှ ပတ်သက်ခြင်းမရှိတဲ့ ကောင်လေးပေါ့။ မိဘလဲမရှိ အလုပ်အကိုင်လဲ မရှိတဲ့ ၁၀၉ ၁၁၀ လမ်းပေါ်သွားနေရတဲ့ ကောင်လေးလို့ တွေးရင်း လှမ်းရတဲ့ခြေလှမ်းတွေကိုက ပျော်စရာကောင်းနေတာ။

❤️ အ......

ပျော်ရွှင်ခြင်းတွေဟာ ကျွန်တော့်ဘဝမှာ တာရှည်ခံဖို့ဇာတာမပါဘူးထင်ပါတယ်။ စိတ်အလိုကိုမလိုက်တဲ့ အားမပါလှတဲ့ခြေထောက်တွေကြောင့် လမ်းပေါ်ခွေလဲကျရပြီ။ ကတ္တရာလမ်းက ဆူးတွေခဲတွေပေါ်လက်ထောက်မိတော့ လက်ဖဝါးတွေလဲ သွေးစို့လို့။

ဘာကိုမှမရည်ရွယ်ဘဲ နောက်လှည့်ကြည့်မိပြီးမှ ကိုယ့်ဟာကိုယ်ရှက်မိသည်။ ဘယ်သူလာထူဖို့ မင်းက မျှော်လင့်နေတာလဲ Saint...ဒီအခိုက်အတန့်လေးမှာတော့ ရှိခဲ့ဖူးတဲ့လူတွေ ရခဲ့ဖူးတဲ့ အကြင်နာတွေကို မေ့ထားလိုက်စမ်း။ အခု မင်းက တစ်ယောက်တည်းပဲ။

ကိုယ့်ဟာကိုယ် အားယူပြန်ထပြီး မတ်တပ်ရပ်တော့ တစ်ကိုယ်လုံးဟာ ကိုင်ရိုက်ထားသလို နာကျင်လို့။ မနေ့ညက စိတ်ရောလူပါကျခဲ့ရတဲ့ငရဲက အတွေးထဲပြန်ရောက်လာတော့ ကြောက်လန့်တကြား ခေါင်းခါထုတ်မိသည်။ မတွေးနဲ့ Saint အခု သူမင်းကို ဘာမှမလုပ်နိုင်တော့ဘူး။ မင်းသူနဲ့ ဝေးရာကို ထွက်လာပြီမဟုတ်လား။

တစ်လှမ်းချင်းလျှောက်လာရင်း မနက်ခင်းစောစောမှာ လမ်းလျှောက်နေ ပြေးနေကြတဲ့ အဖိုးအဖွားအရွယ်တွေက ကိုယ့်ကျော်တက်သွားတော့ စိတ်ကမကျေနပ်။ ကျွန်တော်လည်း ပြေးချင်လိုက်တာ။ စိတ်လွတ်ကိုယ်လွတ် ပြေးချင်တိုင်း မပြေးခဲ့ရတာ တော်တော်ကြာနေပြီ။

🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2Donde viven las historias. Descúbrelo ahora