🖤A Million Dreams-48❤️

858 111 230
                                    

Unicode

🖤Theories of LOVE❤️

🖤Season-4❤️

🖤A Million Dreams-48❤️

နွေးထွေးတင်းကြပ်သော ဖက်တွယ်မှုတွေက အသိစိတ်ပြန်ဝင်လာတော့လဲ ညကအတိုင်း တစ်သားတည်းမပြောင်းမလဲ။ ထိစပ်လုမတတ် နီးကပ်နေတဲ့ နှာခေါင်းတို့ကြားမှာ ဝင်သက်ထွက်သက်တို့တောင်မှ ထွေးရောယှက်တင်နဲ့။

အိပ်ရာနိုးနိုးချင်း မြင်ရတဲ့သူ့မျက်နှာဟာ ကျွန်တော့်ဘဝကြီးပါပဲ။ မနေ့ညက ရင်ခုန်သံတွေနားထောင်ပြီး တူတူငိုရင်းအိပ်ခဲ့ရတော့ ကြာလေလေ ဒီလူဟာ ကျွန်တော့်အတွက်ဆိုတာ ပိုပြီးသေချာလာလေလေပေါ့။

အိပ်မောကျနေဆဲ သူ့မျက်နှာကို တစိမ့်စိမ့်ကြည့်ရင်း နှုတ်ခမ်းလွှာကို ဖွဖွလေး ခိုးနမ်းရတာတောင် ကျွန်တော့်ရင်ထဲ ငြိမ့်ငြိမ့်လေးခံစားရသည်။ ခံစားခဲ့ရစေသမျှအတွက် အားနာခြင်းတွေလဲ ပါပါတယ်။ မနေ့က သူပေးတဲ့ဖုန်းကို လက်ထဲကျစ်ကျစ်ပါအောင်ဆုပ်ရင်း စိတ်မကောင်းဖြစ်ရခံစားရတာနဲ့ပဲ blueဆီဖုန်းတောင်ပြန်မဆက်မိခဲ့ပါဘူး။

သူဘယ်အတိုင်းအတာထိသိသွားလဲ မပြောတတ်ပေမဲ့ သူခိုးလူမိသလို ခံစားနေရတဲ့ကျွန်တော့်အတွက်ကတော့ ဒီအခြေအနေကိုဘယ်လိုရင်ဆိုင်ကျော်ဖြတ်ရမလဲမသိသေးပါဘူး။ စတည်းက အသိမပေးချင်ခဲ့တဲ့ မာနဟာ အခုချိန်မှာ ထွက်ပေါက်မဲ့သလိုဖြစ်နေရပါပြီ။

💛 ခုထိ ထကြတေးဘူးရား တိဘူး

🕊️ အိပ်ပုတ်ရီးတေပဲဟာ

ပိစိအိကျိလေးတွေရဲ့ တွတ်ထိုးသံက လမ်းပျောက်နေတဲ့အတွေးတွေကြား ရောက်လာတော့ ရင်မဆိုင်ရဲစွာပဲ မျက်လုံးတွေမှိတ်ထားလိုက်မိသည်။ ကိုကိုနိုးလာရင် ကျွန်တော့်မှာပြောစရာစကားမရှိသေးသလို ရင်ဆိုင်ဖို့လဲ ခွန်အားမရှိလို့လေ။

မနက်တိုင်းလာနှိုးနေကြ ကလေးတွေ ကုတင်နားရောက်လာချိန်မှာပဲ ကျွန်တော့်နောက် ကုတင်စွန်းနားတင်ထားတဲ့ ဖုန်းက ထမြည်သည်။

🕊️ ဟာ ဖုန်းရာနေပြီ တိုတို

💛 အဲ့ ဖုန်းရီးကရဲ ပါပါး လန့်တွားတော့မယ်

🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2Where stories live. Discover now