🚨Attention plz🚨

386 51 9
                                    

Unicode

အစောကြီးကလည်း တစ်ခါမေတ္တာရပ်ခံဖူးပါတယ်။
ကျွန်မရေးသမျှ ပြန်တင်ရင် ဘယ်လိုပြောပြော crdပေးဖို့ကိစ္စပါ။ မနေ့ညကတော့ TOL ထဲက စာသားကို စာလုံးမဆိုစလောက်သာလွှဲထားပြီး ကလေးမတစ်ယောက်က သူကိုယ်တိုင်ရေးထားတဲ့ ကဗျာတစ်ပုဒ်လိုပုံစံနဲ့ pageတစ်ခုမှာ တင်ထားတာကို ကိုယ်ခံခဲ့ရပါတယ်။ ဒဲ့ရှင်းတော့ ခိုးတာမဟုတ်ဘူးဆိုပြီး ကိုယ်ကတောင်သူ့ပြန်တောင်းပန်ရမဲ့ကိန်းနဲ့ လိပ်ပြာလုံသလားမေးတော့မှ တောင်းပန်မယ်ဖြစ်တာပါ။ သူ့ကဗျာကို တင်ပေးတဲ့ pageကိုယ်တိုင်က ကိုယ်တိုင်ရေးကဗျာကို တောင်းဆိုခဲ့တာပါ။အဲ့ဒါကိုသူက အဲ့လိုတွေလုပ်ချသွားပြီး တောင်းပန်တော့လည်း အချိုးမပြေနဲ့ အရှည်အရှည်မဖြစ်ချင်လို့ တောင်းပန်စာရေးနည်းပါ သင်ပေးရတဲ့ ကျွန်မ သာသာခင်မို့မို့အေးလေးပါရှင်။
အခုတော့ သူကတောင်းပန်ထားတာလေးတောင်ပြန်ဖျက်သွားရှာတော့ ကျွန်မ FB wallအမှိုက်ရှင်းတယ်လို့ပဲခံယူပါတယ်။
ပြောချင်တာက စာဖတ်သူတွေထဲ Trigonတွေပါသလို KDPPE Minger အစုံပါတာ ကိုယ်သိပြီးသားပါ။ Idolကို ပုံစံပေါင်းစုံနဲ့ချစ်ပေမဲ့ စာကိုတော့လူတိုင်းမရေးတတ်ပါဘူး။ ကျွန်မလည်း စာကို အဖြတ်အတောက် အထားအသိုမမှန်တဲ့ဘဝကနေ သူတို့ကို ချစ်တဲ့ မေတ္တာစိတ်နဲ့သာ ခုလိုအခြေအနေထိရေးနိုင်လာခဲ့တာပါ။
အဲ့ဒီတော့ ကျွန်မရေးသမျှကို တန်ဖိုးထားပြီးပဲဖတ်ဖတ် silentပဲဖတ်ဖတ် ကြိုက်လို့ပြန်တင်ချင်ရင် creditပေးပါ။ ကျွန်မရေးထားတဲ့စာကို လက်လွတ်စပယ်‌ဖြတ်တောက်ယူထားပြီး နှလုံးသားနဲ့ရေးတာပါ သူခိုးလို့မစွပ်စွဲပါနဲ့ဆိုတဲ့စကားက ကျွန်မအတွက် လုံးဝအထိမခံနိုင်တဲ့ psycho pointကို တိုက်ရိုက်ထိတာပါပဲ။
လူဆိုတာ ကိုယ့်သမိုင်း ကိုယ်ရေးတာပါ။ အဲ့ဒီတော့ အရင်ကလည်း TOLက ဒီဒီဆိုတဲ့ မီးသွေးခဲအတွက် ကလေးတွေက ရည်စူးခေါ်တဲ့နာမည်ကအစ Christmas မှာလက်ဆောင်ပေးတဲ့ မာဖလာအဆုံး ဆင်တူရိုးမှားplotတွေ ခိုးခံရတဲ့ထိ ဖြစ်ခဲ့ဖူးတာမို့ ထပ်ပြီး သိက္ခာမရှိတဲ့လုပ်ရပ်တွေနဲ့ TOLရဲ့ ဖြစ်တည်မှုကို အရောင်လာမဆိုးဖို့ အသိပေးလိုပါတယ်။
ခိုးဖတ်ပြီး ခိုးနေတဲ့ သူခိုးအချို့အတွက် ဒီစာက နောက်ဆုံး warning ပါပဲ။
ကျန်တဲ့အေးအေးဆေးဆေးဖတ်သူတွေ အနှောင့်အယှက်ဖြစ်သွားရင်တော့ sorry ပါဗျာ။

#May🌻

Zawgyi


#May🌻

🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2Onde histórias criam vida. Descubra agora