Unicode
🖤Theories of LOVE❤️
🖤Season-4❤️
🖤A Million Dreams- 44❤️
မီးဖိုပေါ်က ခေါက်ဆွဲပြုတ်အိုးကိုကြည့်ရင်းကျွန်တော့်စိတ်တွေလဲ အတွေးတွေနဲ့ပလုံစီလို့။ တွေးစရာတစ်ခုရရင် အထူးသဖြင့် baby နဲ့ပတ်သက်လာရင် လူက အရာရာကို ထိန်းနိုင်ဖို့ အင်မတန်ခက်ခဲတာပါ။ သူကတော့ လူကိုအတင်းဆွဲခေါ်လာပြီး ခေါက်ဆွဲပြုတ်ခိုင်းကာ ကလေးသွားသိပ်တယ်လေ။
ခေါက်ဆွဲသား နူးပြီမို့ မီးပိတ်ပြီး ဖိုပေါ်ကချမယ်အလုပ် ခါးကိုရစ်သိုင်းဖက်တွယ်လာတဲ့သူ့လက်တွေနဲ့ ပုခုံးထဲနစ်ဝင်လာတဲ့သူ့ပါးပြင်ဖောင်းဖောင်းလေးရယ်ကြောင့် အစိုးမရတဲ့စိတ်က ပိုပိုပူလာပြီ။ ကိုယ့်ကွယ်ရာမှာ ကိုယ်မြတ်နိုးရတဲ့အပြုအမူတွေကို ဘယ်သူတွေကိုများ မြင်ခွင့်ပြုခဲ့သလဲ baby.....
အတွေးတွေက ဘောင်ကျော်တော့ စော်ကားမိသလိုခံစားရတာမို့ ခေါင်းခါယမ်းရင်း အတွေးတွေကိုမောင်းထုတ်ရသည်။
❤️ ကိုကို ဘာလို့ ခေါင်းခါနေတာလဲ baby ဖက်ထားတာမကြိုက်ဘူးလား
ခေါင်းခါတာကို သူဖက်ထားတာမကြိုက်လို့လားဆိုပြီး စိတ်ဆိုးချင်တဲ့ ငြူစူသံလေးထွက်လာတော့ လူကနေမရ။
🖤 မဟုတ်ပါဘူး baby ရာ ကိုကို ခေါင်းနည်းနည်း ကိုက်လို့ပါ
❤️ ဟင် ဟုတ်လား ဒီဘက်လှည့်ပြဦး baby ကို
လူကို ချာခနဲဆွဲလှည့်ပြီး နားထင်နှစ်ဖက်ကို သူ့လက်ဖဝါးနွေးနွေးနဲ့ လာအုပ်ကိုင်ကာ စူးစမ်းနေတဲ့သူ့မျက်လုံးလေးတွေဆီအကြည့်ရောက်ရသည်။ မျက်မှန်အောက်က မျက်ဝန်းလေးတွေရဲ့ ကြည်စင်မှုရယ် စိုးရိမ်မှုတွေရယ်ကို တွေ့ရတော့ အလိုလိုနေရင်းကို ကျွန်တော့်အမြင်တွေဝေဝါးလာသည်။
ဘယ်လိုနည်းနဲ့မှ အဆုံးရှုံးမခံနိုင်သလို သူနဲ့ပတ်သက်သမျှအရာအားလုံးက ကျွန်တော့်အတွက်ပဲ ဖြစ်စေချင်တာ။
❤️ ကိုကို ဘာလို့မျက်ရည်တွေဝဲနေတာလဲ ခေါင်းအရမ်းကိုက်နေလို့လားဟင်
🖤 အင်း နည်းနည်းပါ
သူ့ပုခုံးပေါ်ခေါင်းမှောက်ချလိုက်ရင်း မျက်ရည်စတွေသိမ်းဆည်းကာ ခါးလေးကို တင်းတင်းပွေ့ရင်းဖက်ထားလိုက်သည်။
KAMU SEDANG MEMBACA
🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2
Fiksi PenggemarFinal Chapters 1 က အပိုင်းရေ limitပြည့်သွားလို့ ထပ်ခွဲထားတာပါ။ A Million Dreams ရဲ့အပိုင်းဆက်တွေကို ဒီမှာဆက်တင်ပေးသွားမှာပါ 🖤❤️