Unicode
🖤Theories of LOVE❤️
🖤Season-4❤️
🖤A Million Dreams-39❤️
ရင်ဘတ်တစ်ပြင်လုံး နာကျင်အောင့်တက်ပြီး အသက်ရှူလို့တောင်မရ။ ခံပြင်းဒေါသနဲ့ နာကျင်ခြင်းပေါင်းတော့ မျက်ရည်က အလိုလိုစီးကျသည်။ ကားတွေကွယ်နေလို့ ဘယ်သူမှမမြင်ပေမယ့် ကိုယ့်ရှုံးနိမ့်ခြင်းကို ကိုယ်တိုင်မြင်နေသိနေရတာက အရိုးကွဲတာထက် နာသည်။
ယုတ်မာသူနဲ့ဖက်ပြိုင်ပြီး ဖြစ်ရတာရယ် ကိုယ့်မာနနဲ့ကိုယ် တစ်ယောက်တည်းပြိုင်တိုက်နေရတာရယ်ပေါင်းပြီး လူကအဆင်မပြေတော့။ ဒီနေရာမှာပဲ အရှုံးပေးလိုက်ရမလား။ စိတ်ကိုလွှတ်ချလိုက်ရမလား။
လက်လျှော့ချင်စိတ်တို့ဝင်လာတော့ ကိုကိုနဲ့ ကလေးတွေမျက်နှာပြေးမြင်ပြီး ကိုယ့်ဟာကို အပြစ်တင်မိပြန်သည်။ ရောဂါသည်ဆိုတာနဲ့ပဲ ပျော့ညံ့ပြရမှလား။ မင်း ယောကျာ်းမဟုတ်ဘူးလား Saint...
အတင်းကုန်းရုန်းထပြီး ကားကိုလက်လှမ်းထောက်ကာ အသက်ကိုမနည်းရှူရသည်။ အထဲက ခဏခဏထိခိုက်ခံနေရတဲ့ကောင်ကို အားနာသလို ငါတကယ်သက်ဆိုးရှည်ပါ့မလားလို့တွေးတော့ လူကထပ်ပြီးလဲကျချင်ပြန်သည်။
သိစိတ်က တင်းပေမယ့် မသိစိတ်ကပြိုလဲတဲ့အခါ ကိုယ့်ဟာကိုယ်လဲ မကယ်တင်နိုင်တော့။ Red ဆိုတဲ့ ကောင်လဲ သေသွားပြီလားမသိ။ သူပုန်လေးလို့ ကိုကို ကိုယ်တိုင်က ခေါ်ရလောက်တဲ့ထိ ဂျစ်ကန်တတ်တဲ့ မဟုတ်မခံစိတ်လည်း ဘယ်ကို အငွေ့ပျံပျောက်ကွယ်သွားလဲ မသိ။
❤️ ဘာ လို့ လဲ......
မချိတင်ကဲ မကျေမနပ်ရေရွတ်တော့ ထွက်လာတဲ့စကားလုံးက တိုးတိုးလေးရယ် ဘာလို့လဲတဲ့လား။ လိုချင်တာ မရတဲ့ ကလေးလို ငါ့မှဘာလို့ဒါတွေလာဖြစ်နေသလဲဆိုပြီး ကံကြမ္မာကို မျက်ရည်ခံထိုးမိနေတာ ကျွန်တော့်ဟာကျွန်တော်ရှက်လို့သေတော့မယ်။
ဒီညတော့ ကိုကို့ကို အကုန်ဖွင့်ပြောပြလိုက်ရတော့မလား။ ဖွင့်ပြောလိုက်ရင်လည်း ဟိုအရူးကောင်ဟားတိုက်ရယ်တာက ခံရဦးမယ်။ မသိတော့ဘူးဗျာ မသိတော့ဘူး။ အရှုံးပေါ် အရှုံးတွေပဲဆင့်ပြီး လူကသုံးစားမရတော့ဘူးလား။
STAI LEGGENDO
🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2
FanfictionFinal Chapters 1 က အပိုင်းရေ limitပြည့်သွားလို့ ထပ်ခွဲထားတာပါ။ A Million Dreams ရဲ့အပိုင်းဆက်တွေကို ဒီမှာဆက်တင်ပေးသွားမှာပါ 🖤❤️