🖤 Tabula Rasa-4❤️

496 76 139
                                    

Unicode

🖤 Theories of LOVE❤️

🖤 Season-4❤️

🖤 Tabula Rasa-4❤️

ဝေခွဲမရစိတ်နဲ့ စိုးရိမ်မှုတွေကြားမှာ ကိုယ့်ရှေ့ကအခန်းတံခါးဟာ ကောင်းကင်ဘုံသို့ တံခါးဝလား ငရဲပြည်သို့အဝင်လားတော့မသိ။

ကော်ဖီတစ်ငုံသောက်ပြီး စိတ်ဆိုးမာန်ဆိုးနဲ့ ပြေးတက်သွားတဲ့ကောင်လေးက အခုတံခါးတောင်မဖွင့်ပေးတော့။

🖤baby တံခါးဖွင့်ပါဦးကွာ တစ်ခုခုဆို ကိုကို့ကို ပြောလေနော်

အဆက်မပြတ်ထုနှက်နေသော်ငြား စကားသံလေးတစ်စတောင်ထွက်မလာတော့ ကျွန်တော့်ရင်တွေပူသထက်ပူလာရပြီ။သူဘာဖြစ်နေတာလဲ Lizနဲ့ပတ်သက်လို့တစ်ခုခုသိသွားလို့လား ဘာလား။

"အကိုလေး သော့ ဒီမှာ"

Mike လာပေးတဲ့သော့နဲ့ တံခါးဖွင့်ဝင်ခဲ့ပြီး အထဲရောက်တော့ ရှင်းလင်းနေတဲ့အခန်းကြီးက ကျွန်တော့်ကိုလှောင်နေသလိုလို။

🖤baby ရေ

ယောက်ယက်ခတ်လိုက်ရှာတော့မှ ဝရန်တာဘက်ထွက်တဲ့ အပေါက်မှာ တံခါးနဲ့ကွယ်လို့ ထိုင်နေတာကိုတွေ့ရသည်။

🖤baby ဘာဖြစ်လို့လဲဟင်

❤️လူလိမ်

🖤ဘာလိမ်လို့လဲ babyရယ် ကိုကိုမလိမ်ပါဘူး

❤️ကျွန်တော့်မျက်နှာကို ကြည့်ပြီးမှပြောလေ မလိမ်ပါဘူး ဘာမှသိမနေပါဘူးဆိုတာကို

သက်ပြင်းငွေ့ငွေ့ချပြီး သူ့ကိုဖက်တော့ အတင်းရုန်းထွက်နေလို့ အသာလွှတ်ထားလိုက်ရသည်။

🖤သူရောက်နေတာသိတာ သိပ်မကြာသေးဘူး ဒါပေမဲ့ သူလာတာ သူ့ဘဝလေးနဲ့သူပါ ကိုကိုတို့နဲ့ဘာမှမဆိုင်ဘူး babyရဲ့

❤️အင်း သိသားပဲ ဟားဟားဟား အလကား စတာ ကိုကိုများ ဘာဖြစ်သွားမလဲလို့

စိတ်ထဲဒေါသစိတ်ကရိပ်ခနဲတက်လာပြီး သူ့ဘေးကတံခါးကို ထုချပစ်လိုက်တော့ babyရယ်သံလေးလည်း တိခနဲပိတ်ကျသွားသည်။

🖤ငါ ဘယ်လောက်စိတ်ပူသွားရလဲသိလား မင်းစိတ်အခြေအနေတစ်ခုခုဖြစ်သွားမှာစိုးလို့ ငါဘယ်လောက်ထိဒီရက်ထဲပင်ပန်းခဲ့ရသလဲ မင်းသိလား မင်းဆိုးလွန်းတယ်baby

🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2Where stories live. Discover now