🖤 Announcement❤️

217 47 16
                                    

Unicode

တစ်ခုလောက် ကြိုအသိပေးထားချင်လို့ပါ။
ဒီအရေးအခင်း စဖြစ်တည်းက စာမရေးဖို့ဆုံးဖြတ်ထားခဲ့ပါတယ်။ မရေးမဲ့အကြောင်းကိုလည်း ကြိုပြောထားခဲ့ပါတယ်။ ဒါပေမဲ့ လာမဲ့ ၂၀ရက်နေ့  သားPerthရဲ့မွေးနေ့မှာတော့ TOLရဲ့ ထုံးတမ်းစဉ်လာမပျက်အောင်ရော သူ့မွေးနေ့လေးအတွက်ရော အမှတ်တရလေးဖြစ်အောင် တစ်ခုခုရေးပေးဖို့ ဆုံးဖြတ်ထားပါတယ်။

ခုချိန်မှာ စိတ်နှစ်ပြီးစာရေးဖို့ကတကယ်မလွယ်ကူပါဘူး။ ကိုယ်က keyboard fighterမို့ ဒီလိုစာတွေရေးနေရင် အချိန်တွေ အလဟဿဖြစ်တယ်လို့ ယူဆသလို နိုင်ငံ့အရေးထက် ဒါကအရေးကြီးတယ်လို့လည်း မခံယူထားပါဘူး စာရေးခြင်းကို ဘဝတစ်ခုလို ခံယူထားခဲ့တဲ့သူဖြစ်နေပေမဲ့လည်းပေါ့လေ😅နေ့တိုင်းနီးပါး upပေးနေတဲ့ကိုယ်က စာမရေးရလို့ အရူးတစ်ပိုင်းခံစားနေရတာလည်း ကိုယ်ပဲသိပါတယ်။

အဲ့ဒီ့တော့ စိတ်ဆင်းရဲကိုယ်ဆင်းရဲ ရရာနေရာကနေတိုက်ပွဲဝင်ရင်း အပျော်ရေးတာမဟုတ်ဘဲ ဘဝရဲ့တန်ဖိုးထားရတဲ့ အခိုက်အတန့်ကို ဒီတိုင်းမကျော်သွားစေချင်တာမို့ မွေးနေ့အမှတ်တရရေးဖို့ဆုံးဖြတ်လိုက်တာပါ။ ဖတ်ချင်မှဖတ်ပါ ဒါပေမဲ့ ဒီလိုအချိန်ကြီး စာရေးတယ်ဆိုပြီး ကျေးဇူးပြုပြီး လာblameတာမျိုး မလုပ်ြကပါနဲ့။ ကိုယ့်ဟာကိုယ် အပြစ်တင်စိတ်သွင်းပြီး ဖန်တီးရမှာမို့လို့ပါ။

၂၀ရက်နေ့မှာ ခဏတာတော့ ဒီမိသားစုလေးက စာဖတ်သူတို့ဆီ ရောက်လာမှာမို့ see you guys....

#May🌻

Zawgyi

တစ္ခုေလာက္ ႀကိဳအသိေပးထားခ်င္လို႔ပါ။
ဒီအေရးအခင္း စျဖစ္တည္းက စာမေရးဖို႔ဆုံးျဖတ္ထားခဲ့ပါတယ္။ မေရးမဲ့အေၾကာင္းကိုလည္း ႀကိဳေျပာထားခဲ့ပါတယ္။ ဒါေပမဲ့ လာမဲ့ ၂၀ရက္ေန႕  သားPerthရဲ႕ေမြးေန႕မွာေတာ့ TOLရဲ႕ ထုံးတမ္းစဥ္လာမပ်က္ေအာင္ေရာ သူ႕ေမြးေန႕ေလးအတြက္ေရာ အမွတ္တရေလးျဖစ္ေအာင္ တစ္ခုခုေရးေပးဖို႔ ဆုံးျဖတ္ထားပါတယ္။

ခုခ်ိန္မွာ စိတ္ႏွစ္ၿပီးစာေရးဖို႔ကတကယ္မလြယ္ကူပါဘူး။ ကိုယ္က keyboard fighterမို႔ ဒီလိုစာေတြေရးေနရင္ အခ်ိန္ေတြ အလဟႆျဖစ္တယ္လို႔ ယူဆသလို နိုင္ငံ့အေရးထက္ ဒါကအေရးႀကီးတယ္လို႔လည္း မခံယူထားပါဘူး စာေရးျခင္းကို ဘဝတစ္ခုလို ခံယူထားခဲ့တဲ့သူျဖစ္ေနေပမဲ့လည္းေပါ့ေလ😅ေန႕တိုင္းနီးပါး upေပးေနတဲ့ကိုယ္က စာမေရးရလို႔ အ႐ူးတစ္ပိုင္းခံစားေနရတာလည္း ကိုယ္ပဲသိပါတယ္။

အဲ့ဒီ့ေတာ့ စိတ္ဆင္းရဲကိုယ္ဆင္းရဲ ရရာေနရာကေနတိုက္ပြဲဝင္ရင္း အေပ်ာ္ေရးတာမဟုတ္ဘဲ ဘဝရဲ႕တန္ဖိုးထားရတဲ့ အခိုက္အတန႔္ကို ဒီတိုင္းမေက်ာ္သြားေစခ်င္တာမို႔ ေမြးေန႕အမွတ္တရေရးဖို႔ဆုံးျဖတ္လိုက္တာပါ။ ဖတ္ခ်င္မွဖတ္ပါ ဒါေပမဲ့ ဒီလိုအခ်ိန္ႀကီး စာေရးတယ္ဆိုၿပီး ေက်းဇူးျပဳၿပီး လာblameတာမ်ိဳး မလုပ္ၾကပါနဲ႕။ ကိုယ့္ဟာကိုယ္ အျပစ္တင္စိတ္သြင္းၿပီး ဖန္တီးရမွာမို႔လို႔ပါ။

၂၀ရက္ေန႕မွာ ခဏတာေတာ့ ဒီမိသားစုေလးက စာဖတ္သူတို႔ဆီ ေရာက္လာမွာမို႔ see you guys....

#May🌻

🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2Wo Geschichten leben. Entdecke jetzt