Unicode
🖤Theories of LOVE❤️
🖤Season-4❤️
🖤A Million Dreams-54❤️
⚡⚡⚡⚡
ရှင်သန်ဖို့ အကြောင်းပြချက် အမျိုးမျိုးနဲ့ ကြိုးစားနေကြတဲ့ လူ့ဘဝတွေက သိပ် .... ချစ်စရာကောင်းတာပါ။ ဒါပေမယ့်လည်း ရှင်သန်ဖို့ကြိုးစားရုန်းကန်နေရင်းနဲ့တောင် အသံမထွက်နိုင်တဲ့ ဘဝဆိုးတွေလဲ ရှိတာပဲ။
အခု မြင်နေရတဲ့ ဖန်အိုးလေးအောက်က အောက်ဆီဂျင်မရလို့ ဖျတ်ဖျတ်လူးနေတဲ့ လိပ်ပြာလေးနှစ်ကောင်လိုပေါ့။ စားပွဲပေါ်မှောက်အုပ်ထားတဲ့ ဖန်အိုးလေးအောက်မှာ ခရမ်းရောင်နဲ့ အပြာရောင်လိပ်ပြာလေး နှစ်ကောင်ရှိတယ်လေ။
ဘာလဲ Chaos theory မင်းတို့လိပ်ပြာတွေအတောင်ခတ်ရင် ကမ္ဘာကြီးတစ်ခုလုံး ကမောက်ကမ ဖြစ်တော့မယ့်ဒီဇိုင်း။ ငါ့ကမ္ဘာက ငါ့သီအိုရီနဲ့ ငါ့ဟာငါတည်ထားတာ။ အဲ့တော့ မင်းတို့လိပ်ပြာစုတ်လေးတွေရဲ့ သီအိုရီက ငါ့ကမ္ဘာမှာ အကျုံးမဝင်ဘူး။ မင်းတို့နှစ်ကောင်က တစ်ကောင်ချင်းဖြစ်စေ နှစ်ကောင်ပေါင်းဖြစ်စေ မင်းတို့မပျံနိုင်ခင်မှာ ငါက......
အတွေးတွေကိုရပ်ပြီး ကိုယ်အကြိုက်ဆုံး မဲ့ပြုံးကို လတ်လတ်ဆတ်ဆတ် ပြုံးချပစ်လိုက်တော့ ညသန်းခေါင်ယံက အလင်းဆုံးလိုပဲ။
⚡ အချိန်ကျပြီ.....
ဖျတ်ဖျတ်လူးနေတဲ့ ဖန်အိုးအောက်ထဲက ခရမ်းရောင်လိပ်ပြာလေးကို ခက်ခက်ခဲခဲ ဖမ်းယူပြီး အတောင်နှစ်ခြမ်းကို ဆွဲဖြဲချပစ်လိုက်သည်။
⚡ ခံစားချက်တွေရောနှောနေရင်တော့ မနက်ဖြန်ပွဲမှာ ရှုံးနိမ့်သူက မင်းတို့ပဲ ဖြစ်လိမ့်မယ် လိပ်ပြာလေးတို့ရေ
💔💔💔💔
ကျွန်တော့်ရင်ခွင်ထဲမှာ ငြိမ်သက်စွာ အိပ်မောကျနေတဲ့ အသည်းကလေးတွေကိုကြည့်ရင်း မေတ္တာတွေက တဖိတ်ဖိတ်ယိုကျလို့။
❤️ ပါပါး ချစ်တဲ့ ကလေးလေးတွေ ပါပါးရဲ့ အသက်ကလေးတွေ ပါပါးက အမြဲတမ်းချစ်နေမှာ
ဘယ်လိုအရာတွေပဲရှိရှိ ကာကွယ်ပေးမဲ့မေတ္တာတွေက ရင်ထဲမှာအပြည့်။ ဒါပေမယ့် ရုတ်တရက် ကျွန်တော့်ရင်ခွင်ထဲက ကလေးတွေကို ဆွဲထုတ်ယူသွားတဲ့လက်တွေကို ကျွန်တော်မတားလိုက်နိုင်ဘူး။ အရူးလိုပြေးလိုက်ပေမဲ့ ကျွန်တော့်ရှေ့မှာ ခြားနားလိုက်တဲ့ တံတိုင်းတစ်ခု.....ဒါ အိပ်မက်ပဲနေမှာပါ။
YOU ARE READING
🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2
FanfictionFinal Chapters 1 က အပိုင်းရေ limitပြည့်သွားလို့ ထပ်ခွဲထားတာပါ။ A Million Dreams ရဲ့အပိုင်းဆက်တွေကို ဒီမှာဆက်တင်ပေးသွားမှာပါ 🖤❤️