Unicode
🖤 Theories of LOVE❤️
🖤 Season-4❤️
🖤 Tabula Rasa-8❤️
သူ့ရင်ငွေ့နဲ့ ဝေး၍ နိုးထရသော မနက်ခင်း...
မျက်ခွံတို့မဖွင့်ရသေးခင်မှာတောင် အလွမ်းဟူသော ငွေ့ရည်ဖွဲ့တိမ်ဟာ မျက်ကြည်လွှာကြား ခိုဝင်နေပုံရသည်။
အလွမ်းလို့တွေးမိတော့ ရင်ခွင်ထဲက ခေါင်းအုံးကို ပိုပြီး တင်းတင်းကြပ်ကြပ်ပွေ့ပိုက်မိပြီ။ လက်ဆုပ်လက်ကိုင်ပြစရာ ချစ်ခြင်းမေတ္တာက အနီးကပ်ဆုံးအနေနဲ့ ဒီခေါင်းအုံးသာ ကျန်ခဲ့တာကိုး။
ကျန်တဲ့စိတ္တဇနာမ် မမြင်ရတဲ့ ချစ်ခြင်းမေတ္တာကတော့ လေထုထဲရှိနေလိမ့်မပေါ့။ ဘာလို့လဲဆိုတော့ အသက်ရှူတိုင်း သူ့ကိုလွမ်းနေတာကိုး။
ခေါင်းအုံးကြီးဖက်ပြီး အတွေးနက်နေတုံး ဘေးကလှုပ်လှုပ်ရွရွနဲ့ ကျွန်တော့်ပါးနှစ်ဖက်ပေါ်ပြိုင်တူကျလာတဲ့ အိစက်ခြင်းတို့က အလွမ်းတို့ကိုအနားကွပ်ပေးသော မေတ္တာနုနုလေးတွေပေါ့။
💛ပါပါးထ တားတားတို့ နိုးဘီ
🕊️အိပ်ပုတ်ရီး
မျက်လုံးဖွင့်ကြည့်လိုက်တော့ ညကအစောကြီးအိပ်သွားကြတဲ့ ကလေးတွေက နိုးလို့ ဘေးမှာငုတ်တုတ်။
❤️နမ်းပြီး နှိုးတယ်ပေါ့ ပါပါးအသည်းလေးတွေက လိမ္မာလိုက်တာ
💛ဒီဒီက ပြောဝါးတယ် ပါပါးကို အာဘွားပေးပြီး နှိုးတဲ့
🕊️ဒီတိုင်းနှိုးရဘူးတဲ့ ပါပါး ရန့်တွားမှာတဲ့
❤️လာပါဦး ဖက်ထားချင်လို့
အိပ်နေရာက ထထိုင်ပြီး အသည်းလေးတွေကို ရင်ခွင်ထဲထည့်လို့ အလွမ်းတို့ကို အံတုရပြီ။ လန့်မှာစိုးလို့ လှုပ်မနှိုးခိုင်းဘဲ အနမ်းနဲ့နှိုးခိုင်းသတဲ့လား။ လူကိုယ်တိုင်ဘေးမှာရှိမနေတာတောင် ဂရုတစိုက်ရှိပေးတတ်တဲ့စိတ်ကို ကျွန်တော့်နား အစောင့်ချသွားတယ်ပေါ့။
နာရီကိုကြည့်တော့ ၆နာရီခွဲနေပြီမို့ ဖုန်းဆက်ကြည့်ဖို့ စိတ်ကူးရပြီ။ ညက၉နာရီထွက်တော့ သူဟိုကို မနက်၅နာရီကျော်လောက်ရောက်မှာပဲလေ။ ခုချိန်ဆက်လို့တော့ သူကိုင်လောက်ပါတယ်။
ČTEŠ
🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2
FanfikceFinal Chapters 1 က အပိုင်းရေ limitပြည့်သွားလို့ ထပ်ခွဲထားတာပါ။ A Million Dreams ရဲ့အပိုင်းဆက်တွေကို ဒီမှာဆက်တင်ပေးသွားမှာပါ 🖤❤️