🖤Verdant Note-8❤️

606 91 196
                                    

Unicode

🖤Theories of LOVE❤️

🖤Season-4❤️

🖤Verdant Note-8❤️

💚📝 To Do....Live in the moment💚📝

🖤❤️🖤❤️

ညကမပိတ်မိခဲ့တဲ့တံခါးကြောင့် အေးစက်စက်နဲ့ နိုးလာရပြီ။

ဝရန်တာဘက်က လေအေးတွေစွတ်တိုးနေတော့ ကလေးတွေ အေးနေတော့မှာပဲဆိုတဲ့စိတ်နဲ့ မနည်းထပြီး တံခါးသွားပိတ်ရသည်။ တံခါးပိတ်ပြီး အိပ်ရာထဲပြန်လှဲဖို့ပြင်တော့မှ စိုးရိမ်မိတဲ့ ကိုယ့်ဟာကိုယ်တောင် ရယ်ချင်သွားသည်။

ရှိရှိသမျှစောင်တွေ သူတို့ပဲအပိုင်သိမ်းထားပြီး နွေးနွေးထွေးထွေးကွေးနေကြတာ ကိုယ်တောင်ခြုံပေးစရာမလိုပါဘူး။ အဲ ဒါပေမဲ့ ကျွန်တော့်ကလေးကတော့ စိုးရိမ်ရတယ်။

စောင်မရှိရှာဘဲ ကွေးနေတဲ့ ပုစွန်ထုပ်ဖွေးဖွေးလေးကို အသာသွားပွေ့ရင်း ကျွန်တော်အိပ်တဲ့ဘက်ခြမ်းကို ရွှေ့ ပြီးတော့ ဝက်မောင်နှမဆီကစောင်လေးရသလောက်ဆွဲပြီး ရင်ခွင်ထဲထည့်ကာ အနွေးဓာတ်လေးပေးရသည်။

🖤 ငါ့ဝက်ကလေး အအေးမိလို့ ဖျားရင် မင်းတို့နဲ့ငါနဲ့ တွေ့မယ်

ခြိမ်းသာ ခြိမ်းခြောက်နေရတာ ပါးစပ်ဟောင်းလောင်းလေးတွေနဲ့ အိပ်ပျော်နေတဲ့ အသည်းနှစ်တုံးက ဆွဲပြီးဖျစ်ညှစ်ပစ်လိုက်ချင်စိတ်ကို ဆွပေးနေတာလေ ချစ်စရာလေးတွေဗျာ

ညီတူမျှတူ ခြုံပေးထားတာတောင် ဖအေတွေဆီကစောင်မကျန်အောင်လုယူကြတဲ့ ကောင်တွေကိုကြည့်ရင်း ဖေဖေ့ကို သတိပြေးရမိသည်။ ဖေဖေ့ရဲ့ ညတွေတိုင်း စောင်ခြုံစရာမရှိခဲ့တာ အခုမှ သိရတယ် ဖေဖေ။ သားတို့ နွေးနွေးထွေးထွေးအိပ်နေချိန်မှာ ဖေဖေက အခု သားလိုပဲ စောင်လုထားတဲ့ ကလေးတွေကို ကြည့်ရင်း ပြုံးနေခဲ့တယ်မှတ်လား။

သားသမီးအနေနဲ့ နေနိုင်ခဲ့တာ မတွေးပေးခဲ့မိတာတွေ ကျွန်တော်တို့ဘက်က တကယ်များခဲ့တာပါ အထူးသဖြင့် ကျွန်တော်ပေါ့။ baby ကို ဂရုစိုက်ရမယ်ဆိုတဲ့အသိနဲ့ ဖေဖေ့လက်ထဲပဲ သားနဲ့သမီးကို  ဝကွက် အပ်ထားခဲ့တာ ၃နှစ်ကျော်ကျော်လေ။

🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2Onde histórias criam vida. Descubra agora