🖤A Million Dreams-41❤️

752 103 257
                                    

Unicode

🖤Theories of LOVE❤️

🖤Season-4❤️

🖤A Million Dreams-41❤️

အိမ်ကနေ ထွက်လာတည်းက လူဆိုတာ သွေးမရှိ မျက်ရည်မရှိ ဒါပေမဲ့ အရမ်းနာသည်။ နာကျင်ခြင်း မြစ်ဖျားက ခန္ဓာကိုယ်ရဲ့ ဘယ်နေရာက စပါသည်လို့ ပြောပြလို့မရ အဖြေရှာမရအောင်ကို နာနေတာ။

တစ်ချိန်လုံး ထွေးပိုက်လာတဲ့ နှလုံးသားကို လွှတ်ချလိုက်ရတဲ့ လူရဲ့ သောက သူနာကျင်နေတာကို မြင်နေရတဲ့ ဒုက္ခ ဘဝက ရစရာ တစ်ခုမှမရှိ။ ကျွန်တော့်ဘဝရစရာမရှိလဲ သူတစ်ခုခုတော့ရမှဖြစ်မယ်။ ရမယ်လို့လဲ ယုံကြည်လို့ ဒီခရီးကို စခဲ့တာပဲ။

ရုံးရောက်တော့ ရုံးခန်းကျယ်ကြီးထဲက နာရီသံတစ်ချက်ချက်မြည်သံကို နားထောင်ရင်း နှလုံးသားက စနက်တံကို မောင်းဖြုတ်ချဖို့အချိန်ကို စောင့်ဆိုင်းရသည်။ အခု ဖုန်းဆက်ပြီး သူ့အခြေအနေကို မေးမြန်းရတော့မှာလေ။ သူလဲလက်ရှိကာလကို ရင်ဆိုင်ရတာ နာကျင်နေမှာဖြစ်သလို ကျွန်တော်လဲ သူဘယ်လိုနေတယ် သူဘာဖြစ်နေတယ်ဆိုတာကို မယိုင်မလဲ နားထောင်ဖို့ စိတ်ကို တင်းထားရတာပါ။

ဖုန်းကောက်ကိုင်ရင်း P'Chen ဆီ ဖုန်းခေါ်တော့ သူကလည်း ချက်ချင်းကောက်ကိုင်တာက စောင့်နေတဲ့သဘောလား။ ဘာမှမမေးရသေးပဲနဲ့ကို လူက သူဘာဖြစ်နေပြီလဲလို့ တွက်ဆရင်း ပူထူနေပြီ။

"ဟယ်လို အကိုလေး...."

🖤 အင်း P' သူ့အခြေအနေလေး ပြောပါဦး

"ပြောရမှာတောင် ကျွန်တော်ရင်နာရပါတယ် အကိုလေးရယ် အကိုလေးမှာထားတဲ့အတိုင်း သူဆန်ပြုတ်ကို မကုန်ကုန်အောင် သောက်ရှာပါတယ်

သောက်ပြီးတော့လဲ အိမ်ရှေ့ထိုင်နေတုံး ကလေးတွေနဲ့သူဌေးရောက်လာတော့ ဖက်ငိုလိုက်တာ ကလေးလေးလိုပဲ သူတအားဝမ်းနည်းနေတယ် အကိုလေး

ခုနကလေးတင် သူ့ကို ဝိုင်းချော့ကြလို့ အငိုတိတ်ပြီး အိပ်ပျော်သွားတာ ကျွန်တော် အခန်းထဲ ပြန်ပို့ပေးခဲ့ပြီ အကိုလေး "

🖤 ကျေးဇူးပါ P'ရယ် ဆက်ပြီး ဂရုစိုက်ပေးပါဦးနော်

"စိတ်ချပါ အကိုလေး "

🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2Tahanan ng mga kuwento. Tumuklas ngayon