အခန်း(၂) သွေးဆောင်ဖြားယောင်းတဲ့ပုံရိပ်တစ်ခု (၂)
ချောင်မော့ယွီက အမျိုးသမီးဇာတ်လိုက်နှင့် အခြားအမျိုးသားတစ်ဦး၏ ဓာတ်ပုံနှင့်ဗီဒီယိုများကို အဓိကဇာတ်လိုက် ရှင်းရီချန်ဆီသို့ တိတ်တဆိတ်ပေးပို့ခဲ့သေးသည်။
သူမက ရှင်းရီချန် အရှေ့၌ ကြာပန်းဖြူမလေးအသွင် ဟန်ဆောင်လိုက်သေး၏။ နောက်ဆုံးတော့ ရှင်းရီချန်က သူမ၏ရည်ရွယ်ချက်များကို ရိပ်မိသွားပြီးသည့်နောက် ချောင်မော့ယွီက သူမ အဝတ်အစားများကို တစ်ထည်မကျန် ချွတ်ပစ်ပြီး ရှင်းရီချန်ကို ဆေးခတ်လေတော့သည်။ မချက်ရသေးသည့် ဆန်အစိမ်းက အငွေ့တထောင်းထောင်း ထနေသည့် ချက်ပြီးသားဆန်အဖြစ်သို့ ပြောင်းလဲသွားပါစေဟု မျှော်လင့်ခဲ့တာ ဖြစ်သည်။
သို့ပေမဲ့ သူမက ဒီဇာတ်လမ်း၏ ဗီလိန်ဇာတ်ကောင်ဖြစ်နေလေရာ သူမ၏အကြံအစည်များဟာ မလွဲမသွေ ကျရှုံးမည်ကိုတော့ ပြောနေစရာပင် မလိုတော့ချေ။
ထို့ကြောင့် ချောင်မော့ယွီက ရှင်းရီချန်ကို မည်သို့ပင် မြူဆွယ်စေကာမူ၊ သူမ မည်သည့်အခါမှ ထိုသူ၏ အာရုံစိုက်ခံရခြင်းကို ရရှိမည်မဟုတ်ပေ။ အမျိုးသမီးဇာတ်လိုက်က ရုပ်ရှင်လောက၏ ဧကရီတစ်ပါး ဖြစ်လာရုံသာမက အမျိုးသားဇာတ်လိုက်၏ မပြောင်းလဲသောအချစ်အား သေသည့်အချိန်ထိ ပိုင်ဆိုင်ခွင့် ရသွားပေတော့သည်။
ချောင်မော့ယွီ၊ သည်ရက်စက်တတ်သည့် ငယ်သူငယ်ချင်းက အဆုံး၌ စိတ်မချမ်းမြေ့ဖွယ် အဆုံးသတ်နှင့် ကြုံရပေတော့၏။ သူမ၏ မွေးစားမိဘများက သူမကို လျစ်လျူရှုလိုက်ပြီး သူမ ကလေးကလည်း ပျောက်ဆုံးသွားလေတော့သည်။ သူမ၏ တောင်လိုပုံနေသည့် အကြွေးများအား ပြန်ဆပ်ရန်အတွက် သူမဟာ ခေါင်းပြောင်နေသည့် စီးပွားရေးလုပ်ငန်းရှင်ကြီးများအတွက် ညစ်ညမ်းမှုပေါင်းစုံအား ဖျော်ဖြေပေးခဲ့ရသည်။ အဆုံး၌ လူသန်းပေါင်းများစွာ၏ ရှောင်ဖယ်ခြင်းအား ခံရခဲ့ပေတော့၏။
နောက်တော့ သူမက သူမ ချစ်ရသည့်သူ အရှေ့၌ သူမကို ထိုသူ၏မှတ်ဉာဏ်တွင် တစ်သက်လုံး စွဲမြဲသွားစေရန် မျှော့်လင့်ကာ သူမ ကိုယ်သူမ သေကြောင်းကြံစည် ပြခဲ့ပေသည်။ ကံမကောင်းစွာဖြင့် အမျိုးသားဇာတ်လိုက်က သူမ အတွက် လုံးလုံးဝမ်းနည်းဟန်မပြခဲ့ပေ။ ထိုသူက သူမကို တန်ဖိုးမရှိသည့် ရွံစရာကောင်းသည့် ခြင်သွေးသာသာ သဘောထားခဲ့သည်။ ရှင်းရီချန်က ချောင်မော့ယွီ၏ သေဆုံးနေသည့်ခန္ဓာကိုယ်အား ကြည့်၍ ရွံ့ရှာမုန်းတီးစွာ မျက်မှောင်ကြုတ်ကာ သူမကို ဆွဲထုတ်သွားရန် အခြားသူမျာအား လျင်မြန်စွာ အမိန့်ပေးကာ သူ၏အော်ကလီဆန်ခြင်း ပပျောက်သွားစေရန်အတွက် သူမကို ခွေးစာကျွေးပစ်ရန် ညွန်ကြားလိုက်သည်။
ВЫ ЧИТАЕТЕ
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
Любовные романыချောင်မော့ယွီ နိုးလာသည့်အချိန်၌ သူမက ဝတ္ထုကမ္ဘာဆီသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုနောက် သည်ဝတ္ထု၏ အမျိုးသားဇာတ်လိုက်ဖြစ်သည့် ကုမ္ပဏီ စီအီးအို၏ မနှစ်မြို့ခြင်းကိုခံရသည့် ဗီလိန်ကောင်မလေး၏ ကိုယ်ထဲသို့ဝင်ရောက်သွားခဲ့သည်။ စီအီးအို၏ ငယ်သူငယ်ချင်...
