အပိုင်း ( ၁၈၀) အတူတူအိပ်စက်ခြင်း (၁)

5.2K 314 1
                                        

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

အပိုင်း ( ၁၈၀) အတူတူအိပ်စက်ခြင်း (၁)

သူမ၏အပေါ်နှုတ်ခမ်းပေါ်တွင် နူးညံ့ပျော့ပြောင်းသည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရ၏။ ချောင်မော့ယွီသည် နက္ခတ်တာရာများအကြောင်း အတွေးနက်နေသဖြင့် ထိုရုတ်တရက်အနမ်းကို ဘဝင်ခိုက်သွားပြီး ခါတိုင်းထက်ပင် ပို၍ဆွဲဆောင်မှုရှိနေသည်ဟု ခံစားမိလေသည်။

သူတို့၏ပတ်ဝန်းကျင်သည် အလွန်တိတ်ဆိတ်ငြိမ်သက်နေ၏။ အဝေးက တောင်ဆီမှာလာသည့် ပုရစ်သံများနှင့် လေပြေတိုးသံကိုသာ ကြားရလေသည်။ ချောင်မော့ယွီသည် ယဲ့ဖေးချန်းက သူမကို ပို၍ တင်းကျပ်စွာ ဖက်ထားသည်ကို ခံစားလိုက်ရ၏။ သူ့လက်ဖဝါးသည် သူမ၏ခါးမှနေ၍ သူမကျောဆီသို့ ရောက်သွားလေသည်။

အင်္ကျီစသည် ပါးလျနေသဖြင့် သူ့လက်ဖဝါးဆီမှာ အပူဓာတ်ကို ခံစားမိလိုက်သည်။

ယနေ့မှ သူ့အနမ်းသည် ခါတိုင်းထက်ပို၍ အချိန်ကြာကာ နူးညံ့ညင်သာနေပြီး သူ့နှုတ်ခမ်းများသည် သူမ၏နှုတ်ခမ်းအပြင်သားကို တတိတိ နမ်းရှိုက်နေတော့သည်။

သူသည် သူမကို နမ်းနေစဥ် သူမ၏နှုတ်ခမ်းပေါ်တွင် လျှပ်စစ်ဓာတ်ကို မသိမသာခံစားလိုက်ရ၏။ သူမ၏နှလုံးသားသည် တဒိန်းဒိန်းခုန်နေတော့သည်။ သူမသည် အရင်က သူတို့နမ်းကြစဥ်က သူနှင့်ပတ်သက်၍ ဤသို့သော စိတ်ကူးယဥ်ဆန်သည့်အတွေးများကို တစ်ကြိမ်မှ မစဥ်းစားခဲ့ဖူးပေ။ သူတို့နမ်းမိကြသည့်အခါတိုင်း သူမ၏စိတ်တို့သည် ဗလာအတိဖြစ်သွားလေ့ရှိလေသည်။

သူမ၏နှုတ်ခမ်းများနှင့် သွားများတွင် ယဲ့ဖေးချန်း၏ လန်းဆန်းသည့်ရနံ့များ စွဲကျန်နေ၏။ သူသည် ပို၍ ပြင်းပြင်းရှရှနမ်းလိုက်ရင်း သူမ၏ကျောမှလက်သည် တင်းကျပ်လာကာ သူမကို သူ့အနားသို့ ဆွဲကပ်ရန် ကြိုးစားနေ၏။ သူမသည် သူ့ရင်ဘတ်ဖြင့် ဖိခံထားရသဖြင့် ချောင်မော့ယွီသည် ယဲ့ဖေးချန်း၏ နှလုံးခုန်းသံကို ရှင်းရှင်းလင်းလင်း ခံစားမိလေသည်။

ဒုတ်-ဒုတ်၊ ဒုတ် ဒုတ်၊ ဒုတ် ဒုတ်။ သူ့နှလုံးခုန်နှုန်းသည် အလွန်အားပြင်းနေပြီး သူမ၏နှလုံးခုန်သံ နှင့်အညီ လိုက်ခုန်နေတော့သည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းМесто, где живут истории. Откройте их для себя