အပိုင်း (၅၃) နင့်မျက်နှာလေး နာသွားလားဟင် (၂)

4.8K 448 1
                                    

ဘာသာပြန်သူ - YuuKi

အပိုင်း (၅၃) နင့်မျက်နှာလေး နာသွားလားဟင် (၂)

ချောင်မော့ယွီ၏လက်သည် သေနတ်မောင်းတံကို ဖြည်းညင်းစွာ ဆွဲတင်လိုက်သည်။

“ မင်းသာ ချောင်မော့ယွီမှန်း သိခဲ့ရင် ကိုယ် ဘယ်တော့မှ စေ့စပ်ပွဲကို ဖျက်သိမ်းခဲ့မှာမဟုတ်ဘူး”

ယဲ့ဖေးချန်း၏မျက်လုံးများသည် ဆည်းဆာကောင်းကင်ယံကဲ့သို့ ညို့မိုင်းနေတော့သည်။ သူ့နှလုံးသား၏အနက်ရှိုင်းဆုံးနေရာမှ ထွက်ပေါ်လာသော ခံစားချက်များသည် ဖြည်းဖြည်းချင်းစီ သူ့အလိုလို ပွင့်ဟလာပြီး သူ့လေသံမှာ ပို၍ သိမ်မွေ့လာလေသည်။

“ မော့ယွီရယ် ကိုယ်တို့ အချင်းချင်း သိခဲ့ကြဖူးတယ်နော်၊ ကိုယ့်နာမည်က ယဲ့ဖေးချန်းပါ”

ပြောပြီးသည်နှင့် ယဲ့ဖေးချန်းသည် ကားထဲမှ ခုန်ထွက်လာပြီး ချောင်မော့ယွီထံ လျှောက်လာကာ သူမရှေ့တွင် ရပ်လိုက်တော့သည်။

ချောင်မော့ယွီသည် သူမ၏သေနတ်ကို လုံးဝမချလိုက်ပေ။ သေနတ်ပြောင်းဝက ယဲ့ဖေးချန်း၏ရင်ဘတ်ကို လာထိနေသည်အထိ သူမ၏သေနတ်ကို လုံးဝ မရုပ်သိမ်းပေ။

ယဲ့ဖေးချန်းသည် သူ့လက်ကို ဖြည်းညင်းစွာ မြောက်လိုက်ပြီး သူမ၏လက်ကောက်ဝတ် အနောက်ဘက်ကို ကိုင်တော့မည့်အချိန်တွင် ချောင်မော့ယွီ၏ နာတာရှည် ဖျားနာမှုမှာ ရုတ်တရက် ဖောက်လာတော့သည်။ သူမသည် နာကျင်လွန်းလှသဖြင့် သူမ၏ခေါင်းကို ကိုင်ရင်း လဲကျသွားတော့သည်.....

“မော့ယွီ”

ယဲ့ဖေးချန်းသည် သူမကို အလျင်အမြန် ဆွဲဖမ်းလိုက်ပြီး စိုးရိမ်တကြီး မေးလိုက်တော့သည်။

“ဘာဖြစ်တာလဲဟင်”

ထိုအခိုက်အတန့်တွင် နှစ်ဘက်လုံးမှ သေနတ်များသည် သူတို့ကို ဝိုင်းထားကာ လေထုသည် အလွန်သိပ်သည်းလှသဖြင့် လူများသည် အသက်ရှူဖို့ပင် မေ့လျော့သွားကြသည်။ သို့သော် သူ့ပတ်ဝန်ကျင်အခြေအနေက ယဲ့ဖေးချန်းအပေါ် သက်ရောက်မှုမရှိသကဲ့သို့ သူသည် အားလုံး၏အကြည့်အောက်တွင် မိန်းကလေးကို ဆက်ကာ ပွေ့ဖက်ထားတော့သည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းDonde viven las historias. Descúbrelo ahora