အခန်း(၃၆) မျက်နှာချင်းဆိုင်တွေ့ဆုံခြင်း(၃)

7.2K 557 4
                                        

ဘာသာပြန်သူ - Yuu Ki

အခန်း(၃၆) မျက်နှာချင်းဆိုင်တွေ့ဆုံခြင်း(၃)

“ဟယ် ပေါက်ကရတွေပြောပြန်ပြီ၊  သနားစရာလေးဟ သူတို့မှာ ချောင်ရို့ဟွမ်နဲ့ ဖုန်းဇယ်ဇယ်တို့က အဓိကဇာတ်လိုက်တွေဆိုပေမဲ့ ငါတို့ဒရမ်မာရဲ့ ရှင်းဝမ်ရွှမ်းနဲ့ယဲ့ဖေးချန်းလို နာမည်ကြီးတွေကို လာယှဉ်လို့မရပါဘူးဟာ ၊ ဒီတစ်ကြိမ်တော့ ငါတို့ နာမည်ပိုကြီးမှာကအသေအချာပဲ"

“အဲလိုမပြောပါနဲ့ဟာ ရှင်းဟိုင် ဒရမ်မာရဲ့ကို ငါကြည့်ပြီးပြီ၊ ရှင်းရီချန်က သူ့ကောင်မလေး ဒရမ်မာရဲ့မိတ်ဆက်ပွဲဆီ လာမှာလို့ပြောတယ်၊ အဲတာကြောင့် လူတွေတော်တော်များများက ရှင်းဟိုင်ဒရမ်မာကို စိတ်ဝင်စားနေကြတာလေ"

"ဟုတ်လား ငါတို့ဒရမ်မာကလည်း ရှင်းကုမ္ပဏီက ရင်းနှီးမြှုပ်နှံပေးထားတာဆိုတော့ ကိုယ့်ဟာကို ပြန်ပြိုင်နေရသလို ခံစားနေရတယ်ဟယ်"

"အေးဟာ ဘယ်သူနိုင်နိုင် ဘယ်သူရှုံးရှုံး အကျိုးမြတ်တွေက အကုန် ရှင်းအုပ်စုဆီပဲ ရောက်မှာပဲကို၊ ဟုတ်တယ်မလား"
……

ဆယ်မိနစ်ခန့် ကြာပြီးနောက် ရှန်းရှီ ဒရမ်မာ​၏ မိတ်ဆက်ပွဲက စတင်တော့သည်။ ဒါရိုက်တာက စင်မြင့်ပေါ်သို့ သရုပ်ဆောင်များကို ခေါ်လိုက်ပြီး အလယ်၌ ရှင်းရီချန်​၏ ညီမ ရှင်းဝမ်ရွှမ်းက နေရာယူထားသည်​။ သည်နေ့၌ ရှင်းဝမ်ရွှမ်း​၏ အနီရင့်ရောင် ဗွီပုံစံ စကပ်က သူမ​၏ ဆွဲဆောင်မှု ရှိလှသည့်ခန္ဓာကိုယ်ကို လှစ်ဟပြနေပြီး သူမ ဆံပင်နှင့်မိတ်ကပ်ကလည်း သူမနှင့် လိုက်ဖက်လှပြီး နှုတ်ခမ်းနီကလည်း မီးတောက်မီးလျှံကဲ့သို့ ရဲရဲနီနေသည်။

သို့သော် ပရိသတ်များနှင့် သတင်းထောက်များ​၏ အကြည့်များက ရှင်းဝမ်ရွှမ်း နံဘေးက မိန်းကလေးဆီမှ မခွာနိုင်ဖြစ်နေကြကာ ထိုမိန်းကလေးဆီမှ အကြည့်မလွှဲနိုင်အောင် ဖြစ်နေကြသည်။

​သူတို့က ချောင်မော့ယွီကို ယခင် အပိုင်းအနည်းငယ်၌ ပါဖူးပြီးသားဆိုသည်ကို သိကြသော်လည်း ယခု ကိုယ်တိုင်မြင်လိုက်ရလေရာ ဖန်သားပြင်ထဲကထက် ပိုမိုကြော့ရှင်းလှပနေကြောင်း သိလိုက်ရသည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းOù les histoires vivent. Découvrez maintenant