အပိုင်း (၁၈၂) အတူတူအိပ်စက်ခြင်း (၃)

2.9K 272 2
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

အပိုင်း (၁၈၂) အတူတူအိပ်စက်ခြင်း (၃)

“ သူတို့ကို ဂရုမစိုက်ပါနဲ့”

ယဲ့ဖေးချန်းသည် တိုးညင်းစွာပြောလိုက်၏။

“ တစ်ယောက်ယောက်က ပြောရဲရင်ပြောကြည့်လေ သူတို့တွေ အဲဒီအတွက် ပြန်ပေးဆပ်ရလိမ့်မယ်”

“အင်း”

အတင်းပြောချင်လဲပြောကြပါစေပေါ့။ တကယ်တော့ ငါလေးလဲ ကောလာဟလတွေကို မကြောက်ပါဘူးနော်။ ပြီတော့ ငါလေးက ခုတင်အကြီးကြီးမှာ ပေါင်းပြီးအိပ်ရတာကိုလဲ မကြိုက်ဘူးရယ်။

သူမသည် ယဲ့ဖေးချန်း၏ရင်ခွင်ထဲတွင် ငြိမ်သက်စွာမှေးစက်လိုက်တော့သည်။ သူမ၏မြင်ကွင်းကို သူသည် ကွယ်ထားပြီး သူမရှူထုတ်လိုက်သည့် လေများသည် သူ့ခန္ဓာကိုယ်ထဲသို့ နစ်မြှုပ်သွားတော့မတတ်ပင်။ သူမ၏ခေါင်းကို ကြိုးစားပင့်လိုက်မှသာ အသက်ရှူနိုင်လေတော့သည်။

တောင်တန်းထဲမှညသည် အနည်းငယ်အေးစိမ့်နေသော်လည်း ထိုယောကျ်ား၏ တုတ်ခိုင်ပြီး နွေးထွေးသည့်လက်မောင်းများထဲတွင် သူမသည် အအေးဓာတ်ကို လုံးဝမခံစားရပေ။ အိပ်စက်မှုသည် တဖြည်းဖြည်းရောက်လာပြီးနောက် သူမသည် အိပ်မောကျသွားတော့၏။

သူမသည် အိပ်ပျော်ခါနီးမှာပင် အတွေးတစ်ခုသည် ရုတ်တရက် ပေါ်လာတော့သည်။ သူမသည် သူ့အားထုတ်မှုကို မငြင်းဆန်မိတော့သယောင်....

သူတို့သည် အလွန်နီးကပ်နေရာ ယဲ့ဖေးချန်းသည် သူ့ရင်ခွင်ထဲမှာ အမျိုးသမီးအသက်ရှူသံကိုသာ ကြားနေရပြီး သူသည် လုံးဝအိပ်ချင်မနေပေ။

ချောင်မော့ယွီသည် အလွန်ကောင်းမွန်သည့်ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်းထား၏။ ယဲ့ဖေးချန်းသည် သူ့လက်မောင်းထဲမှ သူမကို ဖက်ထားစဥ် သူမသည် နူးညံ့ကာမွှေးကြိုင်နေသည်ကို ခံစားလိုက်ရ၏။ သူခက်ခက်ခဲခဲ ကြိုးစားငြိမ်းသတ်ထားရသည့် မီးတောက်သည် ရုတ်တရက်ဆိုသလို တစ်ဖန် တောက်လောင်လာပြန်တော့သည်။ သူသည် မည်မျှကြိုးစားပါစေ သူ့ခန္ဓာကိုယ်ထဲမှာ ထိုမီးကို မဖိနှိပ်နိုင်ပေ။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းNơi câu chuyện tồn tại. Hãy khám phá bây giờ