အခန်း(၁၉) အနက်ရောင်ဦးထုပ်(၁)

5.7K 515 1
                                    

ဘာသာပြန်သူ Yuuki

အခန်း(၁၉) အနက်ရောင်ဦးထုပ်(၁)

လော့လော့၏ ရေစိုနေသည့် ခန္ဓာကိုယ်ကို မျက်နှာသုတ်ပုဝါဖြင့် သုတ်ပေးပြီးသည့်နောက် ချောင်မော့ယွီက ရေချိုးကန်ထဲ၌ ဝင်စိမ်လိုက်ပြီး ရေတစ်ခါတည်း ချိုးလိုက်သည်။ ရေချိုးလို့ပြီးသည်နှင့် ရေချိုးခန်းထဲမှ ထွက်ရန်ဟန်ပြင်လိုက်သော် သူမ သားအခန်းမှ အသံတချို့ကို ကြားလိုက်ရသည်။

ကလေးထိန်းက အခန်းထဲသို့ဝင်လာပြီး

"လော့လော့ ဘာလို့မအိပ်သေးတာလဲ ပေါင်ပေ့လေး အရပ်ရှည်ချင်ရင် စောစောအိပ်ရမယ်လေကွယ်"

ပိုးတုံးလုံးလေးသည် အိပ်ရာထက်၌ လူးလွန့်နေပြီး မအိပ်ပျော်နိုင်ပေ။ ကလေးထိန်းယွီက ချောင်မော့ယွီကို ခေါ်လိုက်ပြီးအကြောင်းအရင်း ရှင်းပြလိုက်သည်။

"လော့လော့က အစ်မကို အရင်က ညီမလေး သူ့ကိုပြောပြဖူးတဲ့ ဦးထုပ်နီလေးပုံပြင်အကြောင်း ပြောခိုင်းနေတာ၊ ဒါပေမဲ့ ဒီပုံပြင်က ဘာအကြောင်းလဲဆိုတာ အစ်မ မသိဘူးကော"

ဟမ် ဒီဦးထုပ်နီလေးက ဘာကြီးလဲ၊ ကြားတောင်ကြားဖူးပါဘူးဟ။

ထိုကြောင့် ချောင်မော့ယွီက လော့လော့အခန်းဆီသို့လျှောက်သွားလိုက်ပြီး

"ကောင်းပါပြီ မာမားလာပြီနော်"

အိပ်မပျော် ဖြစ်နေသည့် လော့လော့ဘေး၌ ဝင်ထိုင်လိုက်ပြီး အပြုံးလေးဖြင့်

"ပေါင်ပေ့ ဒီည မာမားတို့ ဦးထုပ်နီလေးအကြောင်းမပြောဘဲနဲ့ ဦးထုပ်အမည်းကြီးအကြောင်း ပြောရအောင်နော်"

လော့လော့က မျက်တောင်တခတ်ခတ်ဖြင့် မျက်လုံးလေးများ ပြူးကျယ်လာကာ စပ်စုလိုစိတ်ဖြင့် သူ့အမေကို ကြည့်လိုက်သည်။

ချောင်မော့ယွီက ပုံပြင်စပြောတော့သည်။

"မှောင်မိုက်နေပြီး လေတွေတဟူးဟူးတိုက်နေတဲ့ညဘက်မှာ ဦးထုပ်အမည်းရောင်ကြီးနဲ့ ဝက်ဝံကြီးတစ်ကောင်ရှိသတဲ့။ ဒီဝက်ဝံကြီးကအရမ်းကြီးပြီး ပါးစပ်ကြီးက ချွန်ထက်နေတဲ့ အစွယ်တွေအပြည့်နဲ့၊ ပြီးတော့ ခန္ဓာကိုယ်ကြီးကလည်း တုတ်တုတ်ခိုင်ခိုင်ကြီးနဲ့ မြင်းကျားတစ်ကောင်ကိုတောင် တစ်ချက်ကလေးနဲ့ဖိညှစ်သတ်လိုက်လို့ရတဲ့အထိ အားကြီးတာ...."

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းOù les histoires vivent. Découvrez maintenant