အခန်း (၂၄) အိပ်ရာပေါ်မှဇာတ်ဝင်ခန်း (၃)

8K 589 1
                                        

ဘာသာပြန်သူ - Yuu Ki

အခန်း (၂၄) အိပ်ရာပေါ်မှဇာတ်ဝင်ခန်း (၃)

ယဲ့ဖေးချန်း၏အသံက ချောင်မော့ယွီကို
သူတို့အနမ်းခန်း သရုပ်ဆောင်စဉ်ကလို အံ့အားသင့်စေခဲ့ပြီး အနေခက်သည့် အနေအထားတစ်ခု ဖန်တီးလိုက်ကာ အသိစိတ် မလွတ်သွားအောင် သူမကိုယ်သူမ သတိပေးနေရသည်။

"မိန်းကလေးတွေက ဒီလိုအခန်းတွေ သရုပ်ဆောင်ရရင် ငြိမ်ငြိမ်လေးနဲ့ သည်းခံနိုင်ဖို့ပဲလိုတာ"

ပြတင်းပေါက် အပြင်ဘက်မှ မိုးစက်များက ကားမှန်ကို ဆေးကြောပေးနေသလိုပင်။ ပထမဆုံးအကြိမ်အဖြစ် ချောင်မော့ယွီက ထိုခံစားချက်ကို မသိစိတ်မှ အနည်းငယ် နားလည်သဘောပေါက်သွားပေသည်။ ထိုခံစားချက်ကို သေသေချာချာ လေးလေးနက်နက် တွေးတောနေစဉ် သူမအရှေ့မှ ထိုလူဟာ ပြန်ဆုတ်သွားပြီး သူ့နေရာသို့ သူ ပြန်ထိုင်လိုက်သည်။ ပြန်လှည့်မကြည့်ပါဘဲနှင့် ယဲ့ဖေးချန်းက အရှေ့သို့သာ ဦးတည်မောင်းနှင်လိုက်ပြီး ခံစားချက်မဲ့ကာ အေးတိအေးစက်အသွင်အဖြစ်သို့ တစ်ဖန် ပြန်လည်ပြောင်းလဲသွားခဲ့သည်။

ရလဒ်အနေဖြင့် ကားမှ အနေရခက်သည့်အခြေအနေက မိုးရေစက်နှင့်အတူ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး မည်သည့်အရာမှ မဖြစ်ခဲ့သည့်အလား ငြိမ်သက်သွားပေသည်။

ရိုက်ကွင်းသို့ရောက်သည်နှင့် ရှောင်စုက ချောင်မော့ယွီကို သွားကြိုရန်အတွက် ကားတစ်စီး ပြင်နေသည်ကို မြင်လိုက်ရသည်။ သို့ရာတွင် ရှောင်စု မထင်ထားသည်က သူမ၏ မင်းသမီးက ယဲ့ဖေးချန်း ကားပေါ်မှ ဆင်းလာတာကိုပင်။

ရှောင်စုထက် ပိုပြီးအံ့အားသင့်သွားသည့်သူက ရှင်းဝမ်ရွှမ်း ဖြစ်သည်။  သူမ မျက်နှာပေါ်မှ အရောင်များက ဒေါသကြောင့် အနီရောင်ဘက်သို့ ပြောင်းလာခဲ့သည်။

ချောင်မော့ယွီက ရှောင်စုမှ ထီးဖြင့် လာရောက်မခေါ်ယူခင် ယဲ့ဖေးချန်းကို ကျေးဇူးတင်လိုက်သည်။ ခြေလှမ်းအနည်းငယ် လျှောက်ပြီးသည့်နောက် ရုပ်ရှင်အဖွဲ့သားများက ရိုက်ကွင်းကို ကြိုတင်ပြင်ဆင်နေကြပြီ ဖြစ်သည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းМесто, где живут истории. Откройте их для себя