ဘာသာပြန်သူ YuuKi
အပိုင်း (၇၂) သူ့ကိုကယ်ခဲ့တဲ့မိန်းကလေး(၁)
ယဲ့ဖေးချန်း၏ အကြံပေးချက်ကြောင့် ရိုက်ကွင်း ပြန်စသောအခါ ချောင်မော့ယွီသည် သူမ၏ဘေးမှ ယဲ့ဖေးချန်းကို လော့လော့လေးအဖြစ် မှတ်ယူလိုက်လေသည်။
ကင်မရာသမားများသည် နေရာပြန်ယူလိုက်ပြီးနောက် ဒါရိုက်တာသည် အော်ပြောလိုက်၏။
“အသင့်ပြင်မယ် ၊ ပြီးရင် စမယ်”
ချောင်မော့ယွီနှင့် ယဲ့ဖေးချန်းတို့သည် နှစ်ယောက်ကြားတွင် လူတစ်ယောက်စာ မကွာဝေးသည့် အနေအထားဖြင့် ဘေးချင်းယှဥ်လျက် ထိုင်နေသည်။
သူတို့သည် စကားပြောနေကြရင်း ထိုလူပြောလိုက်သည့် တစ်စုံတစ်ခုက သူမကို လှည့်ကြည့်ကာ ပြုံးသွားစေတော့သည်။
ထိုအခိုက်အတန့်တွင် သူမ၏မျက်လုံးအောက်ဘက်တွင် ကျယ်ပြောသောမြက်ခင်း၊ ပန်းခင်းများနှင့်အတူ ယဲ့ဖေးချန်း၏ပုံရိပ်က နောက်ခံအဖြစ် ကြည်လင်ကာ အသက်ဝင်လျက် လာထင်ဟပ်နေလေသည်။
ယဲ့ဖေးချန်းသည် သူ့ရှေ့ကမိန်းကလေး၏အကြည့်တွင် လေကို တစ်ချက်ရှူသွင်းလိုက်သည်။ ထိုခဏတွင် သူစဥ်းစားနေသောမိန်းကလေးကို သိချင်နေမိတော့သည်။
“ ကတ် ၊ အရမ်းကောင်းတယ်၊ ငါလိုချင်တာ ဒီလို ခံစားချက်ပဲ”
ဒါရိုက်တာသည် ကျေနပ်သွားတော့သည်။
“ ရိုက်ကူးရေးအဖွဲ့တွေ စားသောက်ဖို့ ပြင်ပေးတော့၊ ပြီးရင် ထုပ်ပိုးပြီးတာနဲ့ ရုပ်ရှင်မြို့တော်ကနေ ပြန်ကြမယ်”
နေ့လယ်ပိုင်းတွင် အဖွဲ့သားများသည် ရုပ်ရှင်မြို့တော်ကို ရောက်ရှိကာ အချိန်အနည်းငယ်အတွင်း စတင်ရိုက်ကူးခဲ့သည်။
ယဲ့ဖေးချန်း၏ အခန်းမှာ အလွန်များနေပြီး ချောင်မော့ယွီအတွက်တော့ ထို့လောက်မများချေ။ သူမ၏ အခန်းတော်တော်များများကို ရိုက်ကူးပြီးသွားသောအခါ အနားယူးရန် ရိုက်ကွင်း အပြင်ဘက်ကို သွားလိုက်သည်။
ညနေပိုင်းတွင် ရုပ်ရှင်မြို့တော်၏ တခြားအခြမ်းတွင် ရိုက်ကူးရမည့် သူမ၏အခန်းအနည်းငယ် ကျန်နေသည်။ လောလောဆယ်တွင် သူမ၏အပိုင်းပြီးသွားပြီဟု မှတ်ယူလိုက်ပြီး ချောင်မော့ယွီသည် နောက်ရိုက်ရမည့်နေရာသို့ သွားလိုက်သည်။ သို့မှသာ သူမကိုယ်သူမ ရိုက်ကွင်းနေရာနှင့် ရင်းနှီးအောင် လုပ်နိုင်လိမ့်မည်။
VOCÊ ESTÁ LENDO
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
Romanceချောင်မော့ယွီ နိုးလာသည့်အချိန်၌ သူမက ဝတ္ထုကမ္ဘာဆီသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုနောက် သည်ဝတ္ထု၏ အမျိုးသားဇာတ်လိုက်ဖြစ်သည့် ကုမ္ပဏီ စီအီးအို၏ မနှစ်မြို့ခြင်းကိုခံရသည့် ဗီလိန်ကောင်မလေး၏ ကိုယ်ထဲသို့ဝင်ရောက်သွားခဲ့သည်။ စီအီးအို၏ ငယ်သူငယ်ချင်...
