ဘာသာပြန်သူ YuuKi
အပိုင်း (၇၀) ဆင်တူတဲ့ခံစားချက် (၂)
သူ တွေ့ခဲ့သော လူသည် ရန်သူလား မိတ်ဆွေလားဟု ချောင်မော့ယွီ မေးလိုက်ချင်သော်လည်း ထိုသိချင်စိတ်ကို ထိန်းလိုက်ကာ ရယ်နေလိုက်တော့သည်။
“တကယ်လား၊ ဖြစ်နိုင်တာက ကျွန်မ အခုနောက်ပိုင်းမှ နာမည်ပိုရလာလို့ထင်ပါတယ်”
ရလဒ်အနေဖြင့် ယဲ့ဖေးချန်းသည် ပိုတိုက်ရိုက်ဆန်သောပုံစံနှင့် ပြန်ပြောလိုက်လေသည်။
“ ခံစားချက်က မင်းရဲ့အနမ်းနဲ့ အရမ်းတူတာ”
ချောင်မော့ယွီ: “....” ငါလေးအခု သေချင်ဟန်ဆောင်လို့ရမလားဟင်။
မကြာလိုက်ချေ။ ယဲ့ဖေးချန်းသည် သူ့ပုံမှန်ပုံစံအတိုင်း ပြန်နေလိုက်ပြီး ပေါ့ပေါ့ ပါးပါး ပြောလာလေသည်။
“ ငါ ဒီကိစ္စကို အဖြေရှာပြီး အတည်ပြုမှာပါ”
“ ဪ ကောင်းပါတယ်”
ချောင်မော့ယွီသည် ပြုံးကာ စိတ်အေးသွားဟန်ဆောင်လိုက်ပြီး သူမ၏မျက်ခုံးကို ဖြေလျှော့လိုက်၏။
လရောင်အောက်တွင် လူနှစ်ယောက်သည် ယှဥ်လျက် လမ်းလျှောက်လာသည်။ အချိန်သည် နှေးသွားဟန်ထင်ရကာ နှစ်ယောက်စလုံးက စကားထပ်မပြောကြတော့ပဲ သူတို့၏အခန်းသို့ တိတ်ဆိတ်စွာ ပြန်သွားကြလေသည်။
နောက်ရက်အနည်းငယ်တွင် ရိုက်ကူးရေးအဖွဲ့သည် အပန်းဖြေအိမ်တွင် ဇာတ်ဝင်ခန်းများကို ရိုက်ကူးခဲ့ကြ၏။
ချောင်မော့ယွီသည် သူမ၏တစ်ယောက်ထဲဇာတ်ဝင်ခန်းများကို နေ့လယ်တွင် ရိုက်ကူးပြီးသောချိန်၌ သူမ၏ဆဲလ်ဖုန်းက မြည်လာတော့သည်။
တဖက်က လော့လော့လေး၏ ပျော့ပြောင်းချစ်စရာအသံလေးကို ကြားလိုက်ရ၏။
“မာမား”
ချောင်မော့ယွီ၏နှလုံးသားလေး အရည်ပျော်သွားကာ ပြုံးလိုက်၏။
“ ပေါင်ပေ့လေး၊ မာမား သားလေးကို လွမ်းနေတာ”
“လော့လော့လဲ မာမားကို လွမ်းနေတာ၊ မာမား ဘယ်တော့ပြန်လာမှာလဲ”
![](https://img.wattpad.com/cover/330150701-288-k947207.jpg)
YOU ARE READING
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
Romanceချောင်မော့ယွီ နိုးလာသည့်အချိန်၌ သူမက ဝတ္ထုကမ္ဘာဆီသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုနောက် သည်ဝတ္ထု၏ အမျိုးသားဇာတ်လိုက်ဖြစ်သည့် ကုမ္ပဏီ စီအီးအို၏ မနှစ်မြို့ခြင်းကိုခံရသည့် ဗီလိန်ကောင်မလေး၏ ကိုယ်ထဲသို့ဝင်ရောက်သွားခဲ့သည်။ စီအီးအို၏ ငယ်သူငယ်ချင်...