စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki
အပိုင်း (၁၈၆) လွမ်းတယ် (၁)
ရှင်းရီချန်၏စိတ်သည် နှင်းဆီပန်းစည်းများကို တစ်ခုပြီးတစ်ခု ဆက်တိုက်ပို့လိုက်ပြီးနောက် နောက်ဆုံးတွင် စိတ်သက်သာသွားတော့သည်။
တစ်ဖက်တွင် သူတို့သည် မဲပေးရမည့်အဆင့်သို့ ရောက်လာကြသည်။
ဟွမ်ချူသည် နောက်ဆုံးရွာသားကို ဗေဒင်ကြည့်ပေးလိုက်ပြီးနောက် ထွက်မလာမီ အဖွဲ့၃ကို မဲပေးရန် ပြောလိုက်လေသည်။
ထိုအခိုက်တွင် သူသည် အကျင့်အတိုင်း သူ့အင်္ကျီပေါ်တွင်ရှိမနေသည့် ဖုန်များကို ခါချလိုက်ကာ ချောင်မော့ယွီဘက်သို့ လျှောက်သွားလိုက်တော့သည်။
ချောင်မော့ယွီသည် ဟွမ်ချူကို လှည့်ကာ ပြုံးပြလိုက်၏။
ယဲ့ဖေးချန်းသည် ချောင်မော့ယွီ၏ တခြားဘက်တွင်ရပ်နေ၏။ ကင်မရာအဝေးသို့ရောက်သွားချိန်၌ သူသည် ချောင်မော့ယွီ၏နောက်ဘက်သို့ပို့ထားသည့်လက်များကို လှမ်းကိုင်ကာ ညှစ်လိုက်ပြီးနောက် လက်ဖဝါးနုနုလေးများကို ကလိထိုးလိုက်လေသည်။
ချောင်မော့ယွီသည် သူမ၏လက်ဖဝါးယားကျိကျိဖြစ်သွားပြီး မနေနိုင်တော့ဘဲ သူမ၏နှုတ်ခမ်းထောင့်များသည် မြင့်တက်သွားတော့သည်။
ပြီးခဲ့သည့်နှစ်ရက်တွင် ယဲ့ဖေးချန်းသည် ပျော်ရွှင်စရာအမျိုးမျိုးကို ပြုလုပ်ခဲ့လေသည်။ ညနေပိုင်းတွင် သူတို့သည် အခြားသူများ၏နောက်မှ လက်တွဲကာ လျှောက်ကြသည်။
နေ့လယ်ပိုင်းတွင် ကင်မရာမန်း အလစ်၌ သူသည် ချောင်မော့ယွီ အနားသို့ မကြာခဏကပ်ကာ နမ်းပြီး ဘာမှမဖြစ်သလို ရုပ်တည်နှင့် သူ့နေရာသူ ပြန်သွားလေ့ရှိသည်။
အသေးအမွှားကိစ္စလေးများသည် သူနှင့် ချစ်သူဖြစ်နေရသည့်နှင့် ပတ်သက်၍ သူမသည် တစ်ခုခု နားလည်မှုလွဲနေသည်ဟုပင် ခံစားရလေသည်။
သူမသည် ကမ္ဘာကူးပြောင်းမလာခင်က အသက် ၁၈နှစ်သာရှိသေးပြီး နောက်ဆုံးစာမေးပွဲ ဖြေပြီးစ ဖြစ်လေသည်။ သူမသည် အသက် ၂၇နှစ်အရွယ်ယောကျ်ားတစ်ယောက်ကို ချစ်သူတော်ရမည်ဟု တစ်ခါမှမတွေးခဲ့ဖူးပေ။ အသက်အရွယ်ကွာခြားချက်သည် အရေးမကြီးသော်လည်း သူတို့နှစ်ယောက်ကြားတွင် တည်ကြည်လေးနက်မှုများသ ရှိနေလိမ့်မဟု ထင်ခဲ့မိသည်။
ВЫ ЧИТАЕТЕ
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
Любовные романыချောင်မော့ယွီ နိုးလာသည့်အချိန်၌ သူမက ဝတ္ထုကမ္ဘာဆီသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုနောက် သည်ဝတ္ထု၏ အမျိုးသားဇာတ်လိုက်ဖြစ်သည့် ကုမ္ပဏီ စီအီးအို၏ မနှစ်မြို့ခြင်းကိုခံရသည့် ဗီလိန်ကောင်မလေး၏ ကိုယ်ထဲသို့ဝင်ရောက်သွားခဲ့သည်။ စီအီးအို၏ ငယ်သူငယ်ချင်...
