အပိုင်း (၁၅၀) သူ့မိဘနှင့်တွေ့ဆုံခြင်း (၂)

5.8K 436 4
                                        

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

အပိုင်း (၁၅၀) သူ့မိဘနှင့်တွေ့ဆုံခြင်း (၂)

အိမ်တော်၏အဆင့်အတန်း ဖြစ်သည့် တံခါးဘေးမှ ကျောက်သားနှင့်ထုထားသည့် ခြင်္သေ့ကို မြင်လိုက်သည်တွင် ချောင်မော့ယွီသည် သက်မတစ်ချက်ရှိုက်လိုက်ပြီး ဆင်းမည့်ဟန် ပြင်လိုက်၏။ သူမဖက်မှ တံခါးကို အိမ်ဖော်မလေးတစ်ယောက်က ဖွင့်ပေးလျက်သားဖြစ်နေလေသည်။

အိမ်ဖော်မလေးသည် အလွန်ယဥ်ကျေးစွာဖြင့်

“ မမလေးမော့ယွီ ကျေးဇူးပြုပြီး ဒီဘက်ကြွပါရှင်”

ချောင်မော့ယွီသည် တစ်ဖက်လူကို ပြုံးပြလိုက်ပြီး ကားပေါ်မှ ဆင်းလိုက်၏။ သူမသည် လော့လော့ကို ချီရန်ပြင်လိုက်၏။

သူမ၏ဘေးမှ ယဲ့ဖေးချန်သည် ဦးစွာပြောလိုက်လေသည်။

“ ကိုယ် လာပြီ”

သူသည် ကိုယ်ကိုညွှတ်ကာ လော့လော့ကို ကားထဲမှ ချီထုတ်လိုက်ပြီး တစ်စုံတစ်ခုကို တွေးမိသွားကာ သူ့လက်ထောက်ရှိရာဖက်ကို လှည့်ပြောလိုက်လေသည်။

“ ကလေးထိုင်ခုံတစ်ခုလောက် သွားဝယ်ပေးအုံး”

ချောင်မော့ယွီ : “...”

ဘုရားရေ ကားထဲမှာတောင်မှလားဟယ်။

သုံးယောက်သားသည် အိမ်ထဲသို့မဝင်မီ အိမ်အကူများသည် ဖေကြီးယဲ့ကို သတင်းပို့ပြီးဖြစ်လေသည်။ ခန်းမထဲတွင် ဖေကြီးယဲ့အပြင် ယဲ့ဖေးချန်းနှင့် ရုပ်ချင်းဆင်သည့် အသက်၃၀အရွယ်ခန့် လူငယ်တစ်ယောက်လည်း ရှိနေ၏။

ချောင်မော့ယွီ ခန့်မှန်းကြည့်လိုက်၏။

ဒါက ယဲ့ဖေးချန်းရဲ့အစ်ကို ယဲ့ဖေးချင်းပဲ ဖြစ်မယ်၊ ဟုတ်တယ်ဟုတ်။

ယဲ့ဖေးချန်းနှင့် ယဲ့ဖေးချင်းတို့သည် တစ်နည်းနည်းနှင့် ရုပ်ချင်းဆင်သော်လည်း သူတို့၏ စိတ်နေသဘာထားများသည် လုံးဝမတူကြပေ။

ယဲ့ဖေးချန်းသည် လေးနက်ပြီး ဂရုမစိုက်တတ်ဟန်ဖြစ်ပြီး သူ့စိတ်ထဲတွင် မည်သည့်အရာမှ အရေးမကြီးသယောင်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းМесто, где живут истории. Откройте их для себя