အပိုင်း (၇၃) သူ့ကိုကယ်ခဲ့တဲ့မိန်းကလေး(၂)

5.3K 471 3
                                    

ဘာသာပြန်သူ YuuKi

အပိုင်း (၇၃) သူ့ကိုကယ်ခဲ့တဲ့မိန်းကလေး(၂)

လျှပ်စစ်ပတ်လမ်းတိုထဲတွင် မြှုပ်ထားသော ဝါယာကြိုးများမှ မီးစ,လောင်ခြင်းဖြစ်သည်။ ကံအားလျော်စွာ ပတ်ဝန်းကျင်တွင် တခြားအဆောက်အဦများမရှိသောကြောင့် အပျက်အစီးမများချေ။

ချောင်မော့ယွီသည် သူမ၏ဒဏ်ရာကို ဆေးလိမ်းနေစဥ် ဖုန်းမြည်လာ၏။ လက်ထောက်မန်နေဂျာ ရှောင်စု စကားပြောနေသည်။

“ မမလေးမော့ယွီ နင်ဘယ်မှာလဲ၊ ဒါရိုက်တာဖုန်းက အခန်းတစ်ခန်းကို ပြန်ရိုက်ဖို့လိုလို့ နင့်ကို ခေါ်နေတယ်”

ချောင်မော့ယွီသည် သူမဘေးမှ အဖွဲ့သားတစ်ယောက်က သူမကို တဘက်ပေးထားသော်လည်း အဝတ်အစားမှာ စိုနေဆဲဖြစ်ပြီး သူမအဝတ်အစားများသည် ခန္ဓာကိုယ်နှင့် ကပ်နေလေသည်။

သူမသည် လက်ထောက်ကို ပြန်ဖြေရင်း ရိုက်ကွင်းနေရာဟောင်းဆီလို့ အမြန်ပြေးသွားလိုက်သည်။

“ ကျွန်မ ရုပ်ရှင်မြို့တော်ရဲ့ အရှေ့ဘက်ခြမ်းမှာ ၊ အခုလေးတင်ပဲ ဒီနေရာမှာ မီးလောင်မှုဖြစ်သွားလို့၊ ကျွန်မ ကောင်လေးတစ်ယောကို ဝင်ကယ်လိုက်တာ အခု တစ်ကိုယ်လုံးစိုရွှဲနေတယ်....”

“ အမ် ၊ မီးလောင်မှု ဟုတ်လား”

ရှောင်စု လန့်သွားလေသည်။

“ နင် ဘာဖြစ်သွားသေးလဲ၊ ဒဏ်ရာရသွားသေးလား”

သူမ၏အသံမှာ စိုးရိမ်သွားသဖြင့် ကျယ်သွားလေသည်။ အခုလေးတင်မှ သရုပ်ဆောင်ပြီးသွားသော ယဲ့ဖေးချန်းသည် သူမစကားကို ကြားလိုက်သည်တွင် ပြန်လှည့်လာလိုက်သည်။

“စိတ်အေးအေးထား၊ ကျွန်မ ရုပ်ပျက်ဆင်းပျက် ဘာမှမဖြစ်ဘူး၊ လက်မှာ မီးလောင်ဖုလေးနည်းနည်းပဲ ရခဲ့တာ”

ချောင်မော့ယွီ ပြန်ပြောလိုက်သည်။

“ မီးလောင်ဖုတွေဟုတ်လား ။ ငါ့ကို စောင်နေ၊ အခုချက်ချင်း ကားထုတ်ပြီး လာခေါ်ပေးမယ်”

ရှောင်စု အရေးတကြီးနှင့် ပြောလိုက်သည်။

သူမ ဖုန်းချလိုက်သောအခါ ရယ်ဖေးချန်က ရုပ်ရှင်အဖွဲ့ကားသော့ကို ကိုင်ထားလေသည်။ မင်းသားသည် သူ့ဘက်လှည့်ကာ ပြောလိုက်၏။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းOù les histoires vivent. Découvrez maintenant