အခန်း(၂၃) အိပ်ရာပေါ်မှဇာတ်ဝင်ခန်း (၂)

7.8K 549 2
                                        

အခန်း(၂၃) အိပ်ရာပေါ်မှဇာတ်ဝင်ခန်း (၂)

ထိုသစ်သားအိမ်ပျက်က ရှေးခေတ်သရဲကားများ ရိုက်ကူးရန်အတွက် သီးသန့်ပြင်ထားသည့် အိမ်တစ်လုံးဖြစ်သည်။ ထိုအိမ်က အလွန်ဟောင်းပြီးစုတ်ပြတ်နေသော်လည်း အိမ်အမိုးက မိုးဒဏ်မှ ကာကွယ်ပေးနိုင်ပေသေးသည်။

ချောင်မော့ယွီ တံခါးကို တွန်းဖွင့်လိုက်သည်နှင့် အမိုးထုပ်တန်း၌ တွဲလျက်ချည်ထားသည့် အဖြူရောင်ပိတ်စတစ်စကိုတွေ့လိုက်သည်။ ထိုပိတ်စက သန့်သန့်ရှင်းရှင်းရှိနေသေးသည်ကို သိလိုက်ရသဖြင့် ချောင်မော့ယွီက ဆွဲဖြုတ်လိုက်ပြီးသူမ မျက်နှာထက်မှ ရေစက်ကို သုတ်လိုက်ကာ တစ်ဖန် ပြန်ချည်ပေးထားလိုက်သေးသည်။

ချောင်မော့ယွီက ပြတင်းပေါက်၌ အေးဆေး မှီရပ်နေပြီး ရိုက်ကူးရေးအဖွဲ့၏ကား သူမကို ပြန်လာကြိုမည်ကို စောင့်နေလိုက်သည်။ လျှပ်စီးကလည်း ဆက်တိုက်လက်နေသလို မိုးကြိုးမှာလည်း ဆက်တိုက်ဆိုသလို ချုန်းနေဆဲပင်။ ခပ်လှမ်းလှမ်းမှ မြင်နေရသည့် ဝါးရုံတောမှာလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အရိပ်အယောင်ပင် မမြင်ရတော့ချေ။

ချောင်မော့ယွီသည် အတိတ်ဘဝမှ သူမ သင်ခဲ့ဖူးသည့် တရုတ်ရိုးရာကဗျာတစ်ပုဒ်ကို သတိရလိုက်မိသည်။ ပထမတစ်ကြောင်းကို ဆိုရန်ဟန်ပြင်လိုက်စဉ် ကားတစ်စီး ချဉ်းကပ်လာသည်ကို သူမ မြင်လိုက်ရသည်။ ခပ်ဝေးဝေးမှ ထိုကားသည် သူမရှိရာဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာသည်။

ချောင်မော့ယွီက အလျင်အမြန် တံခါးမှ ထွက်ရမည့်အစား ပြတင်းပေါက်ကတစ်ဆင့် ခုန်ကျော် ပြေးထွက်သွားကာ ကားကို လက်ဖြင့်တားပြီး

"ကူညီပါဦး ကားကြုံလိုက်ချင်လို့"

ယဲ့ဖေးချန်းက  ယနေ့ရှုတင်အတွက် စတူဒီယိုကို သွားရန် ကိုယ်ပိုင်ကား ယူလာခဲ့ရာ သူနှင့်အတူ သူ့မန်နေဂျာတော့ ပါမလာခဲ့ပေ။ ကားပါကင်၌ ဖုန်းပြောပြီးနောက် ချက်ချင်း ချိန်းဆိုထားသည့် ရိုက်ကွင်းရှိရာဆီသို့ စတင်ထွက်ခွာတော့သည်။

သို့သော် ထိုရိုက်ကွင်းသို့ သွားသည့်လမ်း၌ သူ မမျှော်လင့်ထားသည်က ရှေးခေတ် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် သူစိမ်းတစ်ယောက်က သိုင်းဆရာတစ်ယောက်လို သစ်သားအိမ်ပျက်လေးမှ ခုန်ထွက်လာပြီး သူ့ကားကို လာတားခြင်းပင်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းOnde histórias criam vida. Descubra agora