အခန်း(၁၃) စိတ်ဝင်စားဖွယ်ကောင်းတယ် (၁)
ရှင်းရီချန် အနီးကပ်စစ်ကြည့်လိုက်သည်နှင့် ထို ဗီဒီယိုဟာ ချောင်မော့ယွီ၏ ခြေကန်ချက် ဟန်ရေးပြနေသည့် ဗီဒီယိုဖြစ်နေသည်ကို မြင်လိုက်ရသည်။
ဗီဒီယို၌ ချောင်မော့ယွီသည် အဖြူရောင်အပေါ် ခြုံထည်အား အပြာရောင်ဝတ်စုံအထက်မှ လွှမ်းခြုံဝတ်ဆင်ထားသည်။ ထိုအတိုင်း ငြိမ်သက်စွာ ရပ်နေရင်းဖြင်လ သူမ နှုတ်ခမ်းထက်၌ အပြုံးခပ်ဖျော့ဖျော့ကတော့ ရှိနေဆဲပင်။
ဓာတ်ပုံဆရာဆီမှ ညွှန်ကြားချက်ကိုရသည်နှင့် ထိုမိန်းကလေးက ခေါင်းညိတ်ပြလိုက်ကာ အရှေ့သို့ ထွက်လာပြီး လုံးဝပြီးပြည့်စုံသော အမှားအယွင်း လုံးဝမရှိသည့် ခြေခွဲပြဟန်ချက်အား သရုပ်ပြလိုက်သည်။
ရှင်းရီချန်က ချောင်မော့ယွီနှင့် ငယ်စဉ်ကတည်းက ရင်းနှီးလာတာဖြစ်သောကြောင့် သူမ ၄နှစ်သမီးကတည်းက ဘဲလေး ဘယ်လိုကရမလဲကို လေ့ကျင့်ဖူးသည်ကို သိနေသဖြင့် သူမ၏ ရိုးရှင်းပြီး သပ်ရပ်သည့် ထိုခြေခွဲပြဟန်ချက်ဟာ သူ့အတွက် သိပ်မထူးဆန်းပေ။
သို့သော် တစ်ခဏခန့်အကြာတွင် သူမ၏ သရုပ်ပြချက်များက သူ့ကို အံ့အားသင့်စေခဲ့သည်။
သူမ တကယ်ကြီး လေထဲမှာ ကိုယ်တစ်ပတ်လှည့်ပြီး ကန်ပြလိုက်တာလား။
ထို့အပြင် သူမ၏ လှုပ်ရှားမှုများက တိမ်နှင့် မိုးကဲ့သို့ ပေါ့ပါးချောမွေ့နေပြီး ကိုယ်ဟန်အနေအထားကလည်း လုံးဝ မိမိုက်နေပေသည်။ မြေပြင်ကို ခြေပြန်ချသည့်အချိန်တောင်မှ ချောင်မော့ယွီသည် အနည်းငယ်မျှတောင် မောဟိုက်နေခြင်းမရှိချေ။
ရှင်းရီချန်က ထို ဗီဒီယိုအား စိုက်ကြည့်ပြီး ဘယ်လို ရိုက်ကူးထားလဲဆိုတာကို အံ့ဩနေမိသည်။
ဘယ်လိုလုပ် ဒီ ဗီဒီယိုက တည်းဖြတ်ထားသလိုမျိုး ဟာကွက်လေးတောင် မတွေ့ရတာလဲ။
ချောင်မော့ယွီ ကိုယ်တိုင် ဒီခြေကန်ချက်ကို ဟန်ရေးပြလိုက်သည်ကို ရှင်းရီချန်တစ်ယောက် လုံးဝမယုံကြည်နိုင်ဖြစ်နေသည်။

ESTÁS LEYENDO
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
Romanceချောင်မော့ယွီ နိုးလာသည့်အချိန်၌ သူမက ဝတ္ထုကမ္ဘာဆီသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုနောက် သည်ဝတ္ထု၏ အမျိုးသားဇာတ်လိုက်ဖြစ်သည့် ကုမ္ပဏီ စီအီးအို၏ မနှစ်မြို့ခြင်းကိုခံရသည့် ဗီလိန်ကောင်မလေး၏ ကိုယ်ထဲသို့ဝင်ရောက်သွားခဲ့သည်။ စီအီးအို၏ ငယ်သူငယ်ချင်...